ရောဂါ ရောဂါ ရောဂါ


ဒီတစ်ပတ် DVB ဒီဘိတ် (စက်တင်ဘာ ၁၃၊ ၂ဝ၁၄) ကတော့ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။ သိတော်မူတဲ့အတိုင်း ကျန်းမာရေးနဲ့ ဆိုင်ရင် ပြောစရာတွေက များလှပါတယ်။ အစိုးရ၊ သမဝါယမနဲ့ ပုဂ္ဂလိကပိုင်းကနေပါနေတဲ့ ကျန်းမာရေးဆိုင်ရာတွေထဲမှာမှ ကျန်းမာရေး အသိပညာပေးရေး ကို ဇောင်းေ ပးဆွေးနွေးဖို့ ဒီဘိတ်အဖွဲ့သားတွေက ကြိုးပမ်းခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်ဒေါက်တာစိုးလွင်ငြိမ်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ရဲ့ အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ မိသားစုကျန်းမာရေးဆရာဝန်ဒေါက်တာ မီမီကို နဲ့ MSF Holland  ရဲ့ Project Medical Coordinator ဒေါက်တာသင်းသင်းသွယ်တို့က ပါဝင်ဆွေးနွေးကြပြီး ပရိသတ်တွေထဲမှာ ဆရာဝန်တွေအများကြီးပါဝင်ဆွေးနွေးကြပါတယ်။ ပညာပေး ရေးကို အဓိကထားဆွေးနွေးမယ်  DVB က ဒီဘိတ်ယဉ်ကျေးမှုကို မြှင့်တင်ပြီး ဆွေးနွေးနေတာဖြစ်တဲ့အတွက် ဒီဘိတ်တင်ဆက်သူအနေနဲ့ ဒီဘိတ်ဖြစ်အောင် အတို့အထောင် အဆွအဆိတ်လေးတွေ လုပ်ပေးရပါတယ်။ ဒါကိုပဲ တချို့က ချွန်တွန်းတွေလို့ ကျွန်တော်တို့ကို ခေါ်တတ်ကြပါတယ်။
ဒီနေ့ဒီဘိတ်မှာလည်း တင်ဆက်သူ ကျွန်တော်က ဒီဘိတ်ဖြစ်အောင် တွန်းကြည့်ဖို့ ကြိုးစားပေမယ့် ကျန်းမာရေးဆိုင်ရာပညာရပ်ဖြစ်နေတာရယ်၊ လိပ်ပတ် လည်အော င်ပြောဖို့ကို သက်ဆိုင်ရာပြောဆိုသူတွေက အချိန်ယူနေတာရယ်ကြောင့် အချိန်တွေက လင့်ကုန်ပါတယ်။ ဒါ့ကြောင့် ဖြတ်ဖြတ်ပြီး အလှည့်ကျ ပြောဆိုနိုင်အောင် ကြိုးပမ်း တင်ဆက်တဲ့အခါ ဒေါက်တာတင်မျိုးဝင်းက မေးမှဖြေရသလိုဖြစ်နေတာမို့ ပြောရတာ အားမရကြောင်း ပြောပါတယ်။ ကူးစက်ရောဂါ၊ မကူးစက်ပေမယ့် တိုးမြင့်ပြီးဖြစ် လာ တဲ့ ရောဂါတွေ၊ ကာကွယ်ရေး၊ ကုသရေး၊ အပြုအမူတွေ ပြုပြင်ရေး၊ ကျန်းမာရေးပညာရေး၊ သုတေသန၊ ဘတ်ဂျက်၊ အစိုးရဌာနချင်း ပူးပေါင်းဆောင်ရွက်မှု၊ HIV/AIDS စသဖြင့် ပြောဆိုစရာတွေကများလှပါတယ်။ ဒါ့ကြောင့် နည်းနည်းစီ လိုက်တို့နေမယ့်အစား ပညာပေးဘက်ကို ဦးဆောင်ဆွေး နွေးကြဖို့ တိုက်တွန်းရပါတယ်။ ဦးဆောင်ေ ဆွးနွေးကြသူတွေဟာ တစ်ဦးချင်းပြောမယ်ဆို အများကြီး ပြောဆိုနိုင် သူတွေချည်းဖြစ်ပေမယ့်လို့ အချိန်အတိုင်းအတာအရ သူတို့ အကောင်းဆုံး ပြောသွားကြပါတယ်။
ပါမောက္ခဒေါက်တာ စိုးလွင်ငြိမ်းက သူ့မှာ ပြောစရာတွေအများကြီးရှိပါတယ်၊ အချိန်မရလို့ ဒီလောက်ပဲ ပြောတာပါလို့ ပွဲအပြီးမှာ ကျွန်တော့်ကို ပြောပါ တယ်။ ဒေါက် တာ မီမီကိုကတော့ ကျန်းမာရေးအသိပညာပေးတာတွေကို သူရေးနေတဲ့မဂ္ဂဇင်း၊ ဂျာနယ်တွေကနေ ရေးပေးနေတယ်။ အီဘိုလာဆို အခန်းဆက်ေ တာင် ရေးပေး ခဲ့ပါ တယ် လို့ ပြောပါတယ်။ ကျန်းမာရေး အသိပညာတွေကို စာအုပ်စာစောင်တွေနဲ့ ရေးနေတယ်ဆိုပေမယ့် ဖတ်ဖို့လိုပါတယ်။ ဖတ်ပြီးလိုက်နာ ရှောင်ကြဉ်တာတွေလည်း လုပ်ရ ပါလိမ့်မယ်။ ဖတ်ပြီးပစ်ထားရင်လည်း မဖြစ်ပါဘူး။ အစိုးရက လွှတ်တော်ကနေ တောင်းခံသုံးစွဲတဲ့ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်တွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့် သုံးစွဲလာတယ်ဆိုပေမယ့် တကယ်တော့ နည်းနေပါသေးတယ်။ အနှစ်ချုပ်လိုက်ရင် ဘတ်ဂျက်က အရေးအကြီးဆုံးပဲလို့ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။
မြန်မာ့ကျန်းမာရေးဘတ်ဂျက်ဟာ အာရှမှာရော အာဆီယံမှာပါ အနိမ့်ဆုံးဖြစ်နေတယ်လို့ ဒေါက်တာတင်မျိုးဝင်းက ဆိုပါတယ်။ ဘတ်ဂျက်တွေ ဘယ်လောက်တိုးတိုး မလုံလောက်သေးပါဘူးလို့ ဒေါက်တာ မီမီကိုကလည်း သုံးသပ်ပါတယ်။ ပညာပေးနဲ့ပတ်သက်ပြီး ဒေါက်တာ တင်မျိုးဝင်းက သုံးချက်ကို လိုက်နာဖို့ ပြောဆိုသွားပါတယ်။ (၁)ပြည်သူတွေ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ (၂) အစားအသောက်ကို အာဟာရ ဖြစ်အောင်စားပါ၊ ဆီစားဂရုစိုက်ပါ၊ (၃) ဆေးလိပ်သောက်တာဟာ ဘာတစ် ခုမှ ကောင်းကျိုးမပေးလို့ ရှောင်ပါလို့ ပြောပါတယ်။ ဒေါက်တာမီမီကိုနဲ့ ဒေါက်တာသင်းသင်းသွယ်တို့ကတော့ ကျန်းမာရေးအသိပညာတွေရဖို့ စာဖတ်ပါ၊ သတင်း စာစောင်တွေဖတ်ပါ၊ ရုပ်သံကြည့်ပါ။ ကျန်းမာရေးကိုလည်း စစ်ဆေးပြီး လိုအပ်ရင် ကုသမှုခံယူပါ၊ အဲဒီလို ခံယူနေရချိန်မှာ မိသားစုနဲ့ ပတ်ဝန်းကျင်ကလည်း ပံ့ပိုးပေးပါလို့ အကြံပြုပါတယ်။ ဒေါက်တာစိုးလွင်ငြိမ်းကတော့ သူတို့ဝန်ကြီးဌာနက ကျန်းမာရေးပညာပေးဖို့ အဓိက တာဝန်ရှိပေမယ့် မီဒီယာတွေကလည်း ကူကြပါလို့ ပြောပါတယ်။
ကျန်းမာရေးဒီဘိတ်ကို စိတ်အဝင်စားဆုံးက ဆရာဝန်တွေ ကျန်းမာရေး ဒီဘိတ်မှာ ပရိသတ်ထဲ အများဆုံး တွေ့ရတာက ဆရာဝန်တွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ နားလည်လက်ခံထားတဲ့ အယူအဆနဲ့အကြောင်းအရာ တွေကို ထုတ်ဖော်ဆွေးနွေးလာတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ယောက်က ပဏာမကျန်းမာရေး အရေးကြီးပြီး အဲဒါကို တိုင်းပြည်မှာ ဖော်ဆောင်သင့်တယ်လို့ ထောက်ပြပါတယ်။ ဘတ်ဂျက်ကို သိပ်မပြောနဲ့၊ အဆဘယ် လောက်တိုးတိုးလောက်ငမှာ မဟုတ်ဘူး။ ဆရာဝန်၊ သူနာပြုနဲ့ အရန်သားဖွားဆရာမတွေနဲ့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ကောင်းကောင်း အကောင်ထည်ဖော်ဖို့ လိုအပ်တယ်လို့ ဝင်ရောက် ဆွေးနွေး ပါတယ်။ တခြား ဆရာဝန်တစ်ယောက်ကတော့ HIV/AIDS လူနာတွေ သင့်တော်တဲ့နှုန်းထားတဲ့ ဈေးဝယ်သောက်နိုင်ဖို့ အစိုးရက ဘယ်လို ကူမလဲ၊ သွေးလွန် တုပ်ေ ကွး ရောဂါအတွက် ဘယ်လိုကာကွယ်ရေးလုပ်ပေးနိုင်မလဲလို့ ထမေးပါတယ်။ နောက်ဆရာဝန်တစ်ယောက်ကလည်း ကျန်းမာရေး အတွက် ကာကွယ်ရေးတွေ လုပ်ဆောင် ရာမှာ ဥပဒေပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုပါတယ်၊ ဒါကိုဘယ်လိုလုပ်နိုင်မလဲလို့ မေးခွန်းတင်ပါတယ်။ မေးခွန်းတွေ အများစုကတော့ ဌာနဆိုင်ရာ အရာရှိကြီး လည်းဖြစ်တဲ့ ဒေါက်တာစိုးလွင်ငြိမ်းကို မေးကြတာဖြစ်ပါတယ်။
ဆရာငြိမ်းက သူတို့ဟာ အစိုးရ ဘတ်ဂျက်ကို အနည်းဆုံးရနေတယ်လို့ ဆိုပေမယ့် နိုင်ငံတကာရဲ့ ထောက်ပံ့ မှုတွေကို ပေါင်းရင် မနည်းပါဘူးလို့ ပြောပါတယ်။ အခု ဘတ် ဂျက်တွေ တိုး ပြီးနောက်မှာ ကုသရေးဘက် ဘတ်ဂျက် ပိုတိုးလာပြီး၊ ကာကွယ်ရေးဘက်မှာတော့ ဘတ်ဂျက် သိပ်မများဘူးလို့ ပြောပါ တယ်။ ဝင်ရောက်ေ ဆွးနွေးတဲ့ အ ထဲမှာ သတင်းစာဆရာတွေလည်း ပါဝင်ပါ တယ်။ ကာကွယ်ရေးချင်းအတူတူ (နိုင် ငံတော်ကာကွယ်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကာကွယ်ရေး) စစ်တပ်က ကျန်းမာရေးဌာနထက် ဘတ် ဂျက်ဘာကြောင့်ပိုနေတာလဲလို့ သတင်း ထောက်တစ်ယောက် မေးသလို ကျန်း မာရေးဆိုင်ရာသုတေသနကို ဘယ် လောက် လုပ်နေသ လဲ လို့ မေးတာမျိုး လည်း ရှိပါတယ်။ တခြား တစ်ယောက် ကလည်း ကျန်းမာရေးဝန်ကြီးဌာနအနေ နဲ့ လူငယ်ဆရာဝန်တွေကို စုစည်းပြီး စာရေးဆရာစာဟောဆရာ ဆရာကြီး သိပ္ပံမှူးတင်တို့လို ကျန်းမာရေးအသိပညာပေးတဲ့ဟောပြောပွဲတွေ များများလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။
ရောဂါနှိမ်နင်းရေးကိုလည်း ဆွေး နွေးကြတယ်။ မြန်မာပြည်က အဓိက ကူးစက်ရောဂါသုံးမျိုးကတော့ HIV/AIDS တီဘီနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပါတယ်။ HIV/AIDS ကို ကုသရေးဆောင်ရွက်ရာမှာ အစိုးရ၊ ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းတွေက နိုင်သလောက် ဆောင်ရွက်နေတာတွေရှိပါတယ်။ အစိုးရအနေနဲ့ ဆေးတွေ ပို ဝယ်ပြီး ဖြည့် တင်း ထောက်ပံ့နိုင်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။ ပါဝင်ဖြည့်စွက်ဆွေးနွေး သူတွေကတော့ ဥပဒေအရ ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေ (ဥပမာအား ဖြင့် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၇၇- ဓမ္မ တာနှင့် ဆန့်ကျင်သောလိင်ဆက်ဆံမှု) နဲ့ ကွန်ဒုံးကိုသက်သေခံပစ္စည်းအမှတ်နဲ့ ပြည့်တန်ဆာတွေကို ဖမ်းဆီးမှုတွေ ဖြစ်ပါတယ်။
ကွန်ဒုံးကို သက်သေခံပစ္စည်းအဖြစ် သတ်မှတ်ပြီး မဖမ်းဖို့ ရဲတပ်ဖွဲ့ကို ညှိနှိုင်းပြောဆိုထားတာရှိပါတယ်လို့ ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။ အစိုးရဆေး ရုံဆေး ခန်းေ တွမှာလည်း ပြည့်တန်ဆာရော လူတိုင်းပါလိုအပ်ရင် ကိုယ့်ဖာသာကိုယ်ဆေးစစ်မှုခံယူတာ၊ နှစ်သိမ့်ဆွေးနွေးမှုကိုခံယူတာတွေ လုပ်နိုင်ပါတယ်လို့ ဒေါက်တာ စိုးလွင်ငြိမ်း က ဖြည့်စွက်ပြောပါတယ်။ နေပြည်တော်က စည်ပင်ဧည့်ရိပ်သာမှာ ကူးစက်ရောဂါရှိသူတွေကို မတည်းခိုရဆိုပြီး သတ်မှတ်ချက်ရှိတာဟာ ကျန်းမာရေးဌာနက ညွှန်ကြား ချက် ထုတ်ထားတာလားဆိုပြီး တစ်ယောက်က မေးပါတယ်။
ဒေါက်တာစိုးလွင်ငြိမ်းကတော့ သူတို့ အဲဒီလို ညွှန်ကြားချက်မျိုးမရှိဘဲ သူလည်း စစ်ဆေးကြည့်ပါဦးမယ်လို့ ပြန်လည် ပြောဆိုပါတယ်။မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ၁၉၇၈ ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး အခုဆို ကာကွယ်ရေး ရှစ်မျိုးအထိ ထိုးပေးနေနိုင်ပြီလို့ ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။ အဲဒီမှာ အ သည်းရောင်အသားဝါ ကာကွယ်ဆေးထိုးတာလည်း ပါဝင်ပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ သောက်သုံးရေ သန့်ရှင်းမှုအရေးကြီးကြောင်း ပညာပေးပြီး၊ မသန့်ရှင်း တဲ့ေ သာက်သုံးရေကနေ ကာလဝမ်း ရောဂါဖြစ်တတ်တယ်၊ အခုနောက်ပိုင်း အစာအဆိပ်သင့်တာတွေလည်း ဖြစ်ကြတယ်လို့ ဒီဘိတ်မှာ ဆွေးနွေးကြပါတယ်။ ဒါ့ကြောင့် စာသင်ကျောင်းတွေမှာ မူလတန်းကတည်းက တစ်ကိုယ်ရေ သန့်ရှင်းမှုကိုသင်ရမယ်၊ ကလေးတွေကနေစပြီး လူတိုင်း လက်သည်းညှပ်ဖို့၊ လက်ဆေးဖို့စတာတွေကို လှုံ့ဆော်ပြီးလုပ်ဆောင် ကြရမယ်လို့ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။
မျိုးသာထက်    
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment