Motorolla ရဲ့ဟန်းဆက် ထုတ်ကုန်အသစ် New Moto X


Motorolla ဟာ သူ့ရဲ့ ယခင်ထုတ်ကုန်တစ်ခုဖြစ်တဲ့ the original Moto ထက်ပိုပြီးကောင်းမွန်တဲ့ New Moto X ကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။
New Moto X ရဲ့ ဒီဇိုင်းဟာ  Samsung Galaxy S5 နဲ့ HTC One M8 တို့ထက်လှပတဲ့ ဒီဇိုင်းပါရှိပြီး နောက်ကျောမှာ ကွေးနေတဲ့သဏ္ဍာန်ရှိပါတယ်။ ဖုန်းဟာ ၅.၅၄ လက်မ အရှည်ရှိပြီး ၂.၈၅ လက်မ ကျယ်ဝန်းပါတယ်။ အထူကတော့ ၀.၃၉ လက်မ သာ ထူပြီး အလေးချိန်ကတော့ ၅.၀၈ အောင်စ လေးပါတယ်။
New Moto X ရဲ့ ၅.၂ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင် မှာ OLED ပါဝင်ပြီး Corning Gorilla Glass 3 လို့ခေါ်တဲ့ မှန်တစ်မျိုးကိုတပ်ဆင်ထားပါတယ်။ 1080 p ကြည်လင်ပြတ်သားမှုကိုရရှိနိုင်ပါတယ်။ ဒီဖုန်းမှာတော့ Android ရဲ့နောက်ဆုံးOS တစ်ခုဖြစ်တဲ့ 4.4.4 Kitkat ကိုသုံးထားပြီး Android L အဆင့်ထိရောက်အောင် update လုပ်နိုင်တယ်လို့သိရပါတယ်။ Google ရဲ့ လူသုံးများတဲ့ app တွေဖြစ်တဲ့ Drive, Gmail, Chrome Browser, Maps နဲ့ Quickoffice တို့လည်း ပါဝင်ပြီးသားဖြစ်တယ်လို့ သိရပါတယ်။
ကင်မရာကတော့ 10 ကနေ 13 ကြားမှာရှိတဲ့ Megapixels ကိုထည့်သွင်းပေးထားပါတယ်။ ဗီဒီယိုရိုက်ကူးမယ်ဆိုရက်တော့ အနှေးရိုက်ချက်တွေအထိ ရိုက်ကူးနိုင်ပြီး 2,160 P ultra HD 4K အထိ ကြည်လင်ပြတ်သားမှုကိုရနိုင်ပါတယ်။ အရှေ့ကင်မရာကတော့ 2 Megapixels သာပါဝင်ပေမယ့် 1080 P အထိ ဗီဒီယို ကြည်လင်ပြတ်သားမှုကိုရနိုင်ပါတယ်။ တစ်ခုတည်းသောအားနည်းချက်ကတော့ မူလသိုလှောင်မှုနည်းနေတာပါပဲ။ဒါကိုလည်း external သိုလှောင်မှုနဲ့ ဖြည့်ဆည်းနိုင်ပါသေးတယ်။ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ဖြစ်ပြီး နောက်ကျောအဖုံးကို ၀ါး (သို့) သားရေ တစ်ခုခုနဲ့ လိုခင်ရင်တော့ ဒေါ်လာ ၂၅ ထပ်မံကျသင့်ပါလိမ့်မယ်။
Ref:cnet.com
Mario on
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment