ပရိသတ်တွေ ဒရာမာဇာတ်ကားတွေနဲ့လက်ခံအားပေးခဲ့သလို ခုနောက်ပိုင်းမှာ သရုပ်ဆောင်အပြင် အငြိမ့်မင်းသမီး အဖြစ်လဲ ပရိသတ်ကို ဖျော်ဖြေတင်ဆက်လာသူ၊ ဂီတနဲ့ပတ်သတ်ရင်လဲ တေးသီချင်းတွေနဲ့ နယ်ရှိုးတွေမှာ ဖျော်ဖြေပေးလာသူကတော့ မေကဗျာပါပဲ။ သူမဟာ ကလေးတစ်ယောက် ရပြီးသည့်တိုင် ပရိသတ်အားပေးမှု မလျော့တဲ့အပြင် အနုပညာလှုပ်ရှားမှုတွေကို ဖြေးဖြေးနဲ့မှန်မှန်လုပ်နေသူမို့လက်ရှိရော သူမရဲ့အနုပညာလှုပ်ရှားမှုတွေက ဘာတွေဖြစ်မလဲဆိုတာ မေးကြည့်ဖြစ်တော့ “ရှေ့မှာ ကဗျာရန်ကုန်မှာ ကားတစ်ကားရိုက်တယ်။ အဲ့ဒီအရှေ့၁၀ ရက်မှာနားတယ်။ ပြဇာတ်တိုက်တာရှိတယ်။ အဲ့အရှေ့မှာ ပုပ္ပါးမှာ ၃ကားရိုက်တယ်။ မဗိန်းမှာ သီချင်းသွားဆိုဖြစ်တယ်။ သီချင်းဆိုတာကိုလဲ ကဗျာ ၀ါသနာပါပါတယ်။ အနုပညာက တစ်ခု စလုပ်လိုက်ပြီဆိုရင် ဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ လိုက်လုပ်ဖြစ်တာမျိုးပေါ့။ နားထောင်တာလဲ ကြိုက်တယ်။ သီချင်းဆိုတာကို ၀ါသနာလဲပါတယ်။ ဒါပေမဲ့ ဆိုတတ်လားဆိုတော့ သီချင်းခွေ ထုတ်ရလောက်တဲ့ထိတော့ မဆိုတတ်ဘူးပေါ့။ ဒါပေမဲ့လဲ ဒီအလုပ်လုပ်နေတဲ့ခါကျတော့ ပွဲတွေက လာငှားတဲ့ခါမျိုးတွေမှာဆိုဖြစ်တာမျိုးပေါ့။ အခွေထုတ်ဖို့ထိတော့ စိတ်ကူးမရှိဘူး။ ဒါပေမဲ့ ကိုဘိုစန်းတို့ကတော့ သီချင်းဆိုမလားဆိုပြီး မေးတယ်။ ကဗျာကိုယ်တိုင်က ကိုယ့်အသံကျတော့ ကိုယ်ယုံကြည်ချက်မရှိဘူး။ ငယ်ငယ်လေးကတည်းက အိမ်က နင်အသံက ကလေးသံနဲ့ ဘာတွေဆိုနေမှန်း မသိဘူးလို့ပြောနေတဲ့ခါကျတော့ အဲ့ဒီဆိုက်ကို ကဗျာမှာရှိတယ်။ သီချင်းခွေထုတ်ဖို့တော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိသေးဘူး။ ခုကကားရိုက်ကတော့ မရှိသေးဘူး။ မန္တလေး မှာပြဇာတ်သွားကဖို့တော့ ရှိတယ်။ ကဗျာနဲ့အတူပါမဲ့သူတွေက လူမင်း၊ မင်းမော်ကွန်း၊ နေမင်း၊ ထွန်းထွန်း၊ မထက်၊ ကဗျာ၊ သွန်းဆက်၊ ခိုင်သဇင်ယုဝါ၊ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါပေါ့။ အာဆီယံပွဲအတွက်ပေါ့။”လို့ သူမက ဆိုပါတယ်။
မေကဗျာဟာ အငြိမ့်ကတဲ့အခါ တစ်ခြားသရုပ်ဆောင်တွေလို ဖြစ်သလို ကတာမျိုး မဟုတ်ပဲ ဂရုတစိုက်နဲ့ ပီပြင်အောင် ကတတ်သူမို့ အဲ့ဒီအကြောင်း မေးကြည့်မိတော့ သူမက“ကဗျာက အကကို ပိုဝါသနာပါတယ်။ သီချင်းဆိုတာထက် စာရင်ပေါ့။ ငယ်ငယ်ကတည်းကလဲ ၄တန်းလောက်ထိ ကဗျာက ဆိုကရေးတီးမှာ ပြိုင်ခဲ့တဲ့တွက် အကကို ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ သရုပ်ဆောင်တာတောင် အဲ့လောက်ထိ ၀ါသနာမပါဘူး။ အကကို တကယ်ဝါသနာပါခဲ့တာ။ အကဆို မြန်မာအက၊ ဘိုအက အားလုံးဝါသနာပါတယ်။ အရင်တုန်းကလဲ အကဖွဲ့နဲ့ကဖူးတယ်။ ကဗျာ တကယ်ဝါသနာပါတာက အက။ ဒါပေမဲ့ခုနောက်ပိုင်း ကိုယ်တကယ် ကဖြစ်တဲ့အခါကျတော့လဲ အချိန်က ကပ်ကပ်ပြီးမှ သိရတဲ့ခါကျတော့လဲ သေချာကြီး ကဖြစ်တယ် ဆိုတာမရှိဘူး။ အနားနီးမှ လက်ပူတိုက်ပြီး ကဖြစ်တာမျိုးပဲရှိတာပေါ့။ သေချာစနစ်တကျ မသင်ဖြစ်တာကြာပြီ။ အကနဲ့ ပတ်သတ်ပြီး ကဗျာက မွေးကတည်းက ဇာတ်ရုံထဲမှာပဲနေတာ။ မွေးကတည်းက ပွဲကြည့်တာ။ ဘာလို့လဲဆိုတော့ ကဗျာတို့က ဆေးလိပ်မျိုးရိုးဆိုတော့ အရင်တည်းက ကြော်ငြာလုပ်ရင် ဒီလိုကြော်ငြာလို့မရသေးတဲ့ခေတ်ဆိုတော့ ဇာတ်အဖွဲ့တွေနဲ့ပဲ ကြော်ငြာရတယ်။ ကဗျာတို့အဖိုးတွေ၊ အဘွားတွေ လက်ထက်ကတည်းက ဟန်ကြီးဆိုကဗျာသူငယ်ချင်းပေါ့။ ဦးစိန်မာဒင်တို့နဲ့အမျိုးတွေ လိုနေကြတယ်။ နောက်ဦးမိုးဝင်းတို့၊ ဦးမိုးမင်းတို့နဲ့ကဗျာအမေတို့နဲ့ဆို သူငယ်ချင်းတွေ ဟန်ကြီးတို့နဲ့ဆိုလဲ သူငယ်ချင်းတွေဆိုတော့ နယ်တွေသွားရင် သူတို့ဇာတ်ရုံထဲမှာပဲ လိုက်အိပ်၊ သူတို့ဇာတ်ရုံထဲမှာပဲ လိုက်စား၊ ပဲခူးရောက်ရင်လဲသူတို့က ကကဗျာတို့အိမ်မှာပဲတည်း၊ အဲ့ဒါကြောင့်မို့လဲ အကကို ကဗျာဝါသနာပါတယ်လို့ထင်တယ်။ ကဗျာသိတဲ့ အနုပညာဆိုတာ ကတာကစတာ။ သဘင်သမားတွေကိုလဲလေးစားတယ်။ သဘင်နဲ့ကဗျာနဲ့က တစ်သားတည်း ဖြစ်နေတယ်။ ကဗျာတကယ်ခုချိန်မှာ အဓိကထားပြီးလုပ်တာ သရုပ်ဆောင်ပေါ့။ သဘင်ကတော့ ကဗျာအားရင် အားသလိုလုပ်ဖြစ်တယ်။ ကိုယ်ကိုတိုင် စိတ်တိုင်းမကျတာတွေလဲ ရှိတယ်။ အားမရတာတွေလဲ ရှိတယ်။ တချို့ဆို ဟယ်ကလဲမကတတ်ပဲ တက်ကနေကြတယ်။ မင်းသမီးတွေဆို ပိုပြောချင်ကြတယ်လေ။ ဒါပေမဲ့ကဗျာက အကောင်းဆုံးတော့ ကြိုးစားပြီးကပါတယ်။ လိုအပ်ချက်တွေလဲ ရှိတာပေါ့နော်။ အဲ့ဒါကိုနားလည်ပြီးကြည့်စေချင်တယ်။ နောက်ပြီး တကယ်ဝါသနာပါတာကလဲ အကပါ”တဲ့။
ခင်ဆွေသက်
Source:Trend Myanmar
0 comments:
Post a Comment