ကမ္ဘာကျော်စူပါမော်ဒယ်အဖြစ် အားလုံးသိထားပြီးသား Cara Delevingne ကတော့ မကြာခင်မှာ John Green ရဲ့ Paper Towns ဆိုတဲ့ဇာတ်ကားမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်တော့မှာပါ။ ဒီအကြောင်းကို ဇာတ်ကားရဲ့ တာဝန်ရှိသူ Green ကလည်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်တဲ့အပြင် သူမ သရုပ်ဆောင်ရမယ့် ကာရိုက်တာဟာ သူမနဲ့ အလွန်လိုက်ဖက်မှုရှိတယ်လို့ ဆိုသွားပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့ Qလို့ ခေါ်တဲ့ လူငယ်လေးဟာ သူ့ရဲ့ပျောက်ဆုံးသွားတဲ့ အိမ်နီးချင်း ကောင်မလေး Margo Roth Spiegelman ကို ရှာဖွေတဲ့ ဇာတ်ကားလေးပါ။ Cara Delvingne က ခုန ကောင်မလေး နေရာက သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မင်းသားကိုတော့ လောလောဆယ် Fault in Our Star မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Nat Wolff အဖြစ် သတ်မှတ်ထားပေမယ့် သေချာတော့ မထုတ်ပြန်သေးပါဘူး။
ဒီဇာတ်ကားမှာ Cara သရုပ်ဆောင်ရမယ့်နေရာဟာ အဓိကဇာတ်ဆောင်ဖြစ်တဲ့အတွက် သူမရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကို သူမကိုယ်တိုင်ပုံဖော်ခွင့်ရမှာပါ။ သူမဟာ Peter Pan ဇာတ်ကားထဲမှာ ရေသူမလေးအဖြစ် သရုပ်ဆောင်ဦးမယ်လို့ ကြားထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ခုလို မော်ဒယ်ကနေ သရုပ်ဆောင်အဖြစ် နောက်ထပ် တက်လှမ်းလာမယ့် Cara ရဲ့ အနုပညာ အစွမ်းအစ ဘယ်လောက်ရှိမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပေါ့နော်။
Ref:starpulse.com
မေသော်
Source:Trend Myanmar
0 comments:
Post a Comment