ဓားပြခေါင်းဆောင်အဖြစ် သရုပ်ဆောင်နေတဲ့ အောင်ရဲလင်း

အောင်ရဲလင်းက ‘မင်းရဲကျော်စွာ ဗိုလ်နေတိုး’ ဇာတ်ကားကို အိန္ဒြာ ကျော်ဇင်နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ဓားပြ ဗိုလ်အဖြစ်နဲ့ရော လူကောင်းတစ်ယောက်အဖြစ်ပါ ဘဝနှစ်ဘဝကို သရုပ်ဆောင် ထားပါတယ်။ ဒီလိုမျိုးကာရိုက်တာမျိုးကို ပထမဆုံး သရုပ်ဆောင်ရတာဖြစ်ကြောင်းကို အောင်ရဲလင်းက “ကျွန်တော်ဒီဇာတ်ထဲမှာ ကျွန်တော်က ဘဝနှစ်ဘဝကို သရုပ် ဆောင်ရတယ်။ တစ်ဘဝက ဓားပြဗိုလ်၊ နောက်တစ်ဘဝက လူကောင်းအဖြစ် သရုပ်ဆောင်ရတယ်။ ကိုဇော်ဆီက ဒီဇာတ်ကို ကြားတဲ့အချိန် မှာကျွန်တော် လုပ်ရမယ့်ကာရိုက်တာကို ကြိုပြီးမြင်တယ်။ဗိုလ်အောင်ဒင်လိုကာရိုက်တာ မျိုးသရုပ်ဆောင်ရတာ ပထမဦးဆုံးပါပဲ။ ဒါပေမဲ့ဗိုလ်အောင်ဒင်လို အိုက် တင်မယူထားဘူး။ ဝတ်ပုံ၊စားပုံကသာ သူ့စတိုင် အိုက်တင်ကကျတော့ သူပုန်ခေါင်းဆောင်ရဲ့ Mood ကိုလုပ်ရတယ်။စစချင်းရိုက်တဲ့ ဆင်း (န်)တုန်းကတော့ ရိုက်ရတာနည်းနည်းအခက်အခဲရှိတယ်။ဒီလိုအိုက်တင် မျိုးကတစ်ခါမှလည်းမလုပ်ဖူးဘူးဆိုတော့ ကျွန်တော့် အတွက် အသစ်ကြီးလိုဖြစ်နေတယ် ။သေချာလေးMood ထည့်ရတယ်။ ရိုက်ရင်းနဲ့တော့ အဆင်ပြေသွားတယ်။ မလုပ်ဖူးတဲ့ ဇာတ်ရုပ်လုပ်ရ တာ ကျွန်တော်ကြိုက် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်ရဲ့ အမြင်မှာလည်း ဆန်းသွားတာပေါ့” လို့ပြောပါတယ်။နောက်ပိုင်း ရိုက်လာတဲ့ ဇာတ်တွေကို ကိုယ်တိုင်လည်း ကြိုက်နှစ်သက်မှုရှိပြီး အားရ ကျေနပ်မှုလည်းရှိတယ်လို့ အောင် ရဲလင်းကပြောပါတယ်။ “အခုနောက်ပိုင်း ကျွန်တော်ရိုက်တဲ့ ဇာတ်တွေဆိုရင် သေချာ လေး ရွေးချယ်ပြီးရိုက်တယ်။ နောက်ပိုင်းရိုက်တဲ့ဇာတ်ကားတွေအား လုံးကို အားရ တယ်။ အဓိကကတော့လာပေးတဲ့ ဇာတ်ကိုပဲအကောင်းဆုံးဖြစ်အောင်ဖန်တီးပါတယ်။ ဒါပေမဲ့တချို့ဇာတ်လေးတွေ မှာဆိုရင် လည်း အားလုံးနဲ့တိုင်ပင်တယ်။ပေးလာတဲ့ ဇာတ်ကို ပိုကောင်းသထက် ကောင်းအောင်ပဲတိုင်ပင်ပြီးလုပ်တယ်။ ကျွန်တော့်အနေနဲ့က ဇာတ်ကား တွေလည်း အမြဲတမ်းရိုက်နေရတာဆိုတော့ ဝတ္ထုတွေ ဘာတွေကို အမြဲတမ်းဖတ်ဖို့ဆိုတာ အချိန်မရှိဘူးလေ။ ဝိုင်းပြီးတော့ တိုင်တိုင် ပင်ပင်လေးလုပ်ဖြစ်တယ်။နောက်ပိုင်းရိုက်တဲ့ဇာတ်လမ်းတွေကလည်း ကာရိုက်တာ အဆန်းလေးတွေများ ပါတယ်။ ကိုယ်နဲ့လည်း လိုက်ဖက် မှုရှိမယ်။ ကိုယ်လည်း တစ်ခါမှမလုပ်ဖူးတဲ့ဇာတ်မျိုးတွေဆိုရင်လည်း ကြိုး စားပြီးတော့ သရုပ်ဆောင်ကြည့်ချင်ပါတယ်” လို့ အောင်ရဲလင်း က ပြောပါတယ်။ လွင်လွင်ထွန်း ဓာတ်ပုံ-အိသွဲ့(တန့်ယန်း) Source: popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment