ကျောင်းသူတစ်ဦး ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးအနက် တစ်ဦးကို အသက်မဲ့ ခန္ဓာအား လိင်ဆက်ဆံမှုဖြင့်ပါ စစ်ဆေးနေ


ဗြိတိန်နိုင်ငံ ဘလက်ပူးလ်မြို့ တရားရုံး တစ်ရုံးတွင် ပျောက်ဆုံး သွားခဲ့သော ကျောင်းသူလေး တစ်ဦးကို သတ်ဖြတ်မှုဖြင့် လူနှစ်ဦးကို စစ်ဆေးလျက် ရှိပြီး ယင်းတို့ အနက်မှ တစ်ဦးကို အဆိုပါ ကျောင်းသူ မိန်းကလေး၏ အသက်မဲ့ ခန္ဓာအား လိင်ဆက်ဆံသည် ဟူသော စွဲချက်ဖြင့် စစ်ဆေး နေခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ် သြဂုတ်လက ဘလက်ပူးလ် မြို့ ဘစ်ဖန်းအရပ်တွင် မိသားစုအတွင်း အကြီးအကျယ် ရန်ဖြစ်ကြပြီး နောက်တွင် အသက် ၁၅ နှစ် အရွယ်  ပေဂီချီဗာ ဆိုသူ ကျောင်းသူလေး ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန် ကတည်းက ပေဂီကို တွေ့ ရှိခြင်း မရှိတော့သလို မိသားစုဝင်များ၊ သူငယ်ချင်းများ အနေဖြင့်လည်း မည်သည့် သတင်း အစအနမျှ မကြားခဲ့ရ သလို ခန္ဓာအားလည်း ရှာတွေ့ ခြင်း မရှိပေ။
ဖမ်းဆီးထား သူများ အနက်မှ အသက် ၅၉ နှစ်ရှိ ရောဘတ်အီဝင်း ဆိုသူကို လူသတ်မှုနှင့် တရားရေး လမ်းကြောင်း သွေဖည်အောင် ကြိုးစားမှုတို့ ဖြင့် စက်တင် ဘာ ၂၅ရက်တွင် ကြားနာ စစ်ဆေးခြင်း ဖြစ်သည်။ ကြံရာပါ တစ်ဦးဖြစ်သည့် ဂါရတ်ရှ် ဒေါဟတ်ဆိုသူ အသက် ၄၅နှစ် အရွယ်ရှိ အမျိုးသားကို ပေ့ခ်ျအလောင်းကို ကာမဆက်ဆံမှုတို့ ဖြင့် စစ်ဆေးသည်။
၎င်းတို့ နှစ်ဦးအပေါ် စွဲချက်များကို ငြင်းပယ် သွားမည် ဖြစ်ကြောင်း ၎င်းတို့ ၏ တရားခံ ရှေ့ နေက တရားရုံးတွင် ပြောခဲ့သည်။ ယင်းတို့ကို လာမည့် တနင်္လာနေ့ တွင် ပရက်စတန်တရားရုံးတွင် အမှုကြားနာစစ်ဆေးမည်။
ပေဂီတွင် မိဘ နှစ်ဦးစလုံး မရှိတော့ဘဲ မိခင်ဖြစ်သူ ရှီလာ ၄၈ နှစ်သည် ပေဂီ မပျောက်ဆုံးခင် ခြောက်လ ကတည်းက နှလုံးရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ ဖခင်မှာလည်း ရန်ပွဲ အတွင်း ရရှိခဲ့သည့် ခေါင်းဒဏ်ရာဖြင့် ပြီးခဲ့သည့် နှစ်က သေဆုံးခဲ့သည်။
ပေဂီ ပျောက်ဆုံးမှုသည် ရဲရာဇဝင်တွင် အထူးစုံစမ်းမှုကြီး ပြုလုပ် ခဲ့ရပြီး ၅ နှစ်ကြာပြီးသည် အထိ လက်သည် တရားခံ မဖော်နိုင်သေးရာ ရဲတပ်ဖွဲ့အတွက် သိက္ခာကျစရာ ဖြစ်ခဲ့ရသည်။ လူပေါင်း ၂၈၉၉ ဦးကို မေးမြန်းပြီး မှတ်တမ်း ၁၂၀၀ ကျော်ဖိုင် တွဲထား ရသည်။ ပျောက်ဆုံးစဉ်မှ စကာ လူလေးဦး အားလည်း သံသယရှိ၍ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးခြင်း မရှိဘဲ ပြန်လွှတ် ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လကလည်း ပေဂီကို နောက်ဆုံးအဖြစ် မြင်တွေ့လိုက်သည်ဟု သတင်းရသည့် နေရာကို ရဲများက ရှာဖွေခဲ့သော်လည်း မည်သည့် အရာမျှ ရှာဖွေ မတွေ့ခဲ့ပေ။
ပေ့ခ်ျအား သတ်ဖြတ်သည့် တရားခံ သို့ မဟုတ် အလောင်းရအောင် သတင်းပေးနိုင်သူအား ဆုကြေးပေါင် ၃၀၀၀၀ ချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment