အမေရိကန်၏ စစ်ဆင်ရေးများကို ကူညီရန် ပြင်သစ်ကင်းထောက် လေယာဉ်များ အီရတ်တွင် စတင်ပျံသန်း

ပြင်သစ်စစ်ဘက် လေယာဉ်များသည် အမေရိကန်၏ လေကြောင်းထိုးစစ် ဆင်နွှဲနေခြင်းကို အထောက်အပံ့ပေးရန် စက်တင်ဘာ (၁၅)ရက်မှစ၍ အီရတ်မြောက်ပိုင်းတွင် ပျံသန်းနေကြောင်း သတင်းရရှိသည်။
ဗြိတိန်နှင့်အတူ ပြင်သစ်သည်လည်း ၎င်းတို့၏ စစ်ဘက်မဟာမိတ်ကို လက်တွေ့ ပူးပေါင်းကူညီမှု စတင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် အီရတ်မြောက်ပိုင်းတွင် ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။
စက်တင်ဘာ (၁၅)ရက် နံနက်ပိုင်းကစပြီး ကင်းလှည့်လေယာဉ်တွေ စတင်ပျံသန်းရပါမယ်။ ရည်ရွယ်ချက်က အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ထောက်လှမ်းရေး ကဏ္ဍအနေနဲ့ ပံ့ပိုးကူညီဖို့ဖြစ်ပြီး အီရတ်နဲ့ UAE အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပါ”ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဂျင်းယက်ဗ်လီဒရိန်းက လေယာဉ်မှူးများ အပါအဝင် ပြင်သစ် စစ်သည်များကို UAE နိုင်ငံ၊ အယ်လ်ဒါဖရာ လေတပ်စခန်းတွင် ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံသည် အမေရိကန်၏ စစ်ဆင်ရေးများတွင် ကူညီနိုင်ရန်အတွက် ဆိုက်ပရပ်စ်ရှိ အခြေစိုက် စခန်းမှနေ၍ လေယာဉ်များ စေလွှတ်ကာ ကင်းထောက်လုပ်ငန်းများ အစပြုနေပြီ ဖြစ်သည်။ လီဒရိန်းသည် UAE တွင် ရှိနေစဉ် မင်းသား မိုဟာမက် ဘင်ဇာယက်ဒ် အယ်လ်နာဟာယန်းနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ထိုမှတစ်ဆင့် အီဂျစ်သို့ သွားရောက်မည်ဟု သိရှိရသည်။
_Ref: Channelnewsasia
Source: 7day daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment