အကယ်ဒမီ အိဖြူစိုး အနုပညာ အလုပ်များ ပြန်လည်လုပ်ဆောင်တော့မည်

၁၉၉၉ ခုနှစ်ကရင်ထဲက ဆောင်းရာသီရုပ်ရှင်ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ် အကယ် ဒမီအထူး ဆုရရှိခဲ့သူ အကယ်ဒမီအိဖြူစိုးကို ပရိသတ်တွေမှတ်မိကြ ဦးမယ်ထင်ပါတယ်။ အကယ်ဒမီရရှိစဉ်က ငါး တန်းကျောင်းသူဖြစ်ပြီး အသက် ၁ဝ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။ အကယ်ဒမီ ရရှိပြီးနောက်ပိုင်း အနုပညာအ လုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး အခုပေါ်ပြူလာဂျာနယ်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ အနုပညာအလုပ်နဲ့ အဆက် အသွယ်ပြတ်ဖြစ်ခဲ့ပုံတွေကို မေးတော့ အိဖြူစိုးက “အကယ်ဒမီရပြီးတော့ ကြော်ငြာတွေ ရိုက်တယ်။ ဗီဒီ ယိုတွေ ရိုက်တယ်။ ရုပ်ရှင်ကားကြီး ရိုက်လိုက် သေးတယ်။ မေ့မရတဲ့နေ့များဆိုတာ အဲဒီတုန်းက ပိုးဖြူသဲပါတယ်။ ကိုဒွေးတို့၊ မထက်တို့၊ ကိုခန့် တို့နဲ့။ ညီမကမမြတ်ကေသီအောင်ရဲ့ငယ်ဘဝမှာသရုပ်ဆောင်ရတယ်။ အဲဒီဇာတ်ကားက ကိုရီးယား ဇာတ် ကားဆန်ဆန်လေးပေါ့။အဲဒီဇာတ် ကား ရိုက်နေတဲ့အချိန်မှာ အမေကအသည်းအသန်ဖြစ်နေပြီ။ နာကျင် မှုတွေခံစားနေရပြီ။ အဲဒီဇာတ်ကားလည်း ရိုက်ပြီးတဲ့အချိန်မှာ အမေက ဆုံးသွားတော့ ဘာမှဆက် မလုပ် ဖြစ်တော့ဘူး။ ရပ်သွားတယ်။ ပံ့ပိုးပေးမယ့်လူမရှိတော့ဘူး။ အမေက အဓိကပဲလေ။ တခြားလူတွေနဲ့ မတူဘူး။ သူက အမြဲအနောက်ကနေ တကောက်ကောက် လိုက်ပေးနိုင်တယ်။ လုပ်ပေးနိုင်တယ်။ကိုယ့် မှာလိုက်ပေးမယ့်လူကမရှိတော့ဘူး။ ကလေးဆိုတော့လည်း ပို ကရိ ကထ များတယ်လေ။ကိုယ့်ဘာသာကိုယ်လည်း ယူတတ်ရကောင်း မှန်းနားမလည်ဘူး။ ဘာဝတ်ရမှန်းလည်းမသိဘူး။ အစ်မ တွေ၊ အစ်ကိုတွေကလည်း လိုက်မလုပ်ပေးနိုင်တော့ဘူး။ သူတို့ကလည်း သူတို့အလုပ်ကိစ္စနဲ့ သူတို့လေ။ အမေရှိ တော့ အမေကပဲ အကုန်လိုက်လုပ်ပေးတာ။ အမေမရှိတော့ညီမတော်တော်ရပ်သွားတယ်။ လူတိုင်းက ပြောတယ်။ဘာလို့အဲဒီလိုရပ်လိုက်တာလဲ ဆက် လုပ်နေမယ်ဆိုရင် အခုဆိုတော် တော်အောင်မြင် နေပြီ။ ဒါသူတို့ အတွေးပေါ့။ အောင်မြင်ချင်မှ လည်းအောင်မြင်မှာလေ” လို့အနုပညာ အလုပ် တွေဆက်မလုပ်ဖြစ်ရခြင်း အကြောင်းပြောပါ တယ်။ အနုပညာ ပင်ကိုယ် ဗီဇသွေးရှိတဲ့ သူ တစ်ယောက်ဖြစ်တာကြောင့် အခုအချိန်မှာ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင် သွားတော့ မှာဖြစ်ကြောင်းကိုလည်း အိဖြူ စိုးက “အနုပညာအလုပ်တွေ ပြန်လုပ်တော့ မယ်ဆိုတော့အခုလည်းပံ့ပိုးပေးမယ့် သူ ရှိလားဆိုတော့အခုလည်း မရှိဘူး။ အမေက မှမရှိတာ ။ဒါပေမဲ့တိုက်ရိုက်ပံ့ပိုးပေးတာ မဟုတ် ပေမယ့် ဘေးကနေ ပံ့ပိုးပေးတဲ့သူတော်တော် များ များရှိတယ်။ ကိုဝေဠုကျော်တို့၊ မမိုခမ်းတို့ လည်းရှိတယ်။ ဦးစိုးမိုးကလည်း သူ့ဇာတ်ကား မှာ ရိုက်ပေးဖို့ ညီမကို ပြန်ဖိတ်ခေါ်တယ်။ ရိုက်စေချင်တယ်။ ကိုယ့်ကိုယ်ပြန်နွှေးတဲ့ သဘောပေါ့။ အနုပညာပြန်ဖော် ထုတ်မှာဆို တော့ နိုင်ငံတော်ဇာတ်ကား ကို အရင်စရိုက် တာကောင်းမယ်ဆိုပြီး ရိုက်ဖြစ်တာပါ” လို့ ပြော ပါတယ်။ အရင်တုန်းက အကယ်ဒမီ အိဖြူစိုးနဲ့ အခုအနုပညာလောကမှာ ပြန်လည် ခြေလှမ်းစ မယ့် အိဖြူစိုးတို့ ဘာတွေ ကွာခြားလဲလို့မေးတော့ “တော်တော်ကွာတယ်။ အရင်တုန်းက အမေက နောက်ကပံ့ပိုးပေးနိုင်တယ်။ဒုက္ခဆိုတာနား မလည် ဘူး။ ကလေးလည်း ဖြစ် တာကိုး။ လူကြီးဆိုတာ လည်း နားမလည်ဘူး။ ဆိုးတယ်ကကျီကကြောင် တအားလုပ်တယ်။ ငယ်ငယ်ကတည်းက ရိုက် ကွင်းမှာ ရှိတဲ့သူတွေ အကုန်လုံးက G4 ဆိုပြီး နာမည်ပေးထားတယ်။မရိုက်ချင်ဘူးဆို တအား ကျီကျတယ်။ မလုပ်ဘူးဆိုမလုပ်ဘူး။ အမေက လေ အမြဲချော့ပြောတယ်။ ဆိတ်ပြီးပြောတယ်။ ပေါင် တွင်း ကျောလိမ်ပြီးဆွဲတယ်။ သူကဖြစ်စေချင်လွန်းလို့ သူ့စီးပွား ရေး လုပ်ငန်းတွေကိုပစ်ထားပြီး ကိုယ့်ကိုယ်လိုက်လုပ်ပေးတာလေ။ ဒါရိုက်တာတွေဆိုရင် သိမှာပါ။ မလိခ ဦးစိုးထိုက်အောင်တို့ဆို စိတ် ညစ်သွားတယ်။ ည၁၂နာရီကျော်သွားတယ်။ အခုကျတော့ အဲဒီလို မဟုတ်တော့ဘူး။ အသက်ကြီးလာတော့ နားလည်လာတယ်။ အမေ မရှိတဲ့နောက်မှာ ဒုက္ခဆိုတာသိလာတယ်။ အခုဆိုရင် သည်းခံပြီး ပေါင်းတယ်။ ပရဟိတလုပ်ငန်းတွေလုပ်တာလည်း ပိုသိလာ တယ်” လို့ ပြောပါတယ်။ အိဖြူ စိုးက သွေးေ မတ္တာပရဟိတအသင်း ဝင်တစ် ဦးဖြစ်သလို၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ နည်းပြတစ် ဦးဖြစ်ဖို့လည်း စာမေးပွဲဖြေဆိုထားကြောင်း သိရပါတယ်။ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးတဲ့ အခါမှာတော့ အခန်းနည်းနည်းများများ လုပ်ကွက် ရမယ့် ဇာတ်ကားမျိုးကို သာ လက်ခံရိုက်ကူးသွား မှာဖြစ်ပြီး သရုပ်ဆောင်တဲ့နေရာ မှာ ငယ် ငယ် တုန်းကလိုပဲ ပီပီပြင်ပြင်သရုပ်ဆောင် သွားမှာဖြစ်တာကြောင့် အားပေးစေ ချင်ကြောင်း အိဖြူစိုးက ပြောပါ တယ်။ ခိုင်ဝေလွင် Source : popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment