အနုပညာ အလုပ်ကို အရာ အားလုံးထက် ပိုချစ်တယ် ဆိုတဲ့ အိစိကွေး
အိစိကွေးက အနုပညာ အလုပ်ကို စွန့်လွှတ် လိုက်ပြီ လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာ မျက်နှာထက် မှာ ရေးသား ထားပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး အိစိကွေးကို ဆက် သွယ် မေးမြန်းဖြစ်တဲ့ အခါမှာတော့ သူ့အနေနဲ့ ခဏတာ စိတ်ဓာတ်ကျမှု ကြောင့် ရေးသားခဲ့ခြင်း ဖြစ်တယ်လို့ ပြောပြခဲ့ပါ တယ်။ ကလေး သရုပ်ဆောင် အဖြစ်နဲ့ အနု ပညာ လောကမှာ ခြေချခဲ့သူ အိစိကွေးက အနုပညာ အလုပ်တွေကို ဆက်ပြီး လုပ်ဆောင် သွားမှာ ဖြစ်ကြောင်းကို “လူငယ် ဒါရိုက်တာ ပြိုင်ပွဲကို မနှစ်ကတည်း က ပြိုင်ဖို့ လုပ်တာ လွဲခဲ့တယ်။ ဒီနှစ်လည်း ထပ်ဖြစ်တယ်။ ကျွန်တော် ကြိုးစားပြီး အားကြိုးမာန်တက်နဲ့ လုပ်ထားတာလေး ကို အသိ အမှတ်ပြု မခံရတဲ့ အတွက် စိတ်မကောင်းဖြစ် ခဲ့တာပါ။ ဒါကြောင့် ဖေ့စ်ဘုတ်ပေါ် မှာ ကျွန်တော့် အသက်ထက် ချစ်ရတဲ့ အနုပညာကို စွန့်လွှတ် လိုက်တော့မယ်ဆို ပြီး တင်လိုက်တာ။ ငယ်ငယ်လေး ကတည်းက အနုပညာ အလုပ်တွေကို စိတ်ရော ကိုယ်ပါလုပ်ခဲ့တယ်။ ဝါသနာ လည်းပါတယ် ။ဒီအလုပ်ကို အရာအားလုံးထက် ပိုချစ် တယ်။ အနုပညာ အလုပ်ကို ဒီထက်မက တိုး တက်အောင် လုပ်မယ် ဆိုပြီး ငယ်ငယ် ကတည်းက စိတ်ကူးခဲ့တာ။ ဒါပေမဲ့ ကိုယ်တအား အားထားပြီး စိတ်ရော ကိုယ်ပါလုပ်တဲ့ အလုပ်တစ် ခုက မအောင်မြင်ခဲ့ဘူး ဆိုတော့ တအား စိတ်ဓာတ် ကျသွားမိတယ်။ အခု ကျွန်တော့်ရဲ့ ခဏတာ စိတ်ဓာတ်ကျမှုကြောင့် ဆုံးဖြတ်လိုက်မိ တာ။ ဒါက ကျွန်တော်ရှေ့ ဆက်လျှောက်မယ့် အနု ပညာ ခရီးလမ်း အတွက် ဘယ်လို အတိုက်အခိုက်တွေပဲ ရှိလာရှိလာ ကျွန်တော် ရအောင် ကျော်ဖြတ်မယ် ဆိုတဲ့ အသိ တစ်ခုရခဲ့တယ် ။ပြဿနာတိုင်း မှာ အဖြေ ရှိတယ်။ လူတိုင်း ကတော့ အောင်မြင်ခြင်း ရဲ့အခက်အခဲ ဆိုတာကျော် ဖြတ်ကြရမှာပဲ။ ကျွန်တော်လည်း ဒီလိုကိစ္စလေးနဲ့ ကျွန် တော် ငယ်ငယ် ကတည်း ကမက်ခဲ့တဲ့ အိပ်မက်ကို ရိုက်မ ချိုးပစ်ဘဲနဲ့ ဆက်ပြီး အကောင်အထည်ဖော် သွားမယ်။ အနုပညာ အလုပ်ဆိုတာ ကြိုးစားတိုင်း လည်းအောင်မြင် မှုရတာမျိုးမှ မဟုတ်တာ။ ဒါကြောင့် အောင်မြင် မှုရ နိုင်ဖို့ အတွက် လျစ်လျူ ရှုသင့်တာတွေ ကို ရှုပြီးတော့ကိုယ် လုပ်ချင်တဲ့ အနုပညာ အလုပ်တွေကို ဆက်လုပ်သွားမယ်” လို့ပြောပြပါတယ်။ လတ်တလော မှာတော့ ပညာရေး က အရေးကြီးတဲ့ အတွက် တစ်ရက်တည်း ရိုက်လို့ပြီးမယ့် အနုပညာ လှုပ်ရှားမှုတွေပဲ လုပ်ဖြစ်တော့ မယ်လို့ ပြောပြခဲ့ပြီး သီချင်းခွေက လည်း နောက်ဆုံး တစ်ပုဒ် ပဲ ရိုက်ဖို့ ကျန်တော့ကြောင်း ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
Source : popularmyanmar.com
0 comments:
Post a Comment