ဓါးခုတ် ခံရသူ မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဆေးရုံမှ ဆင်းနိုင်ပြီ

ကချင် ပြည်နယ် မြစ်ကြီးနား မြို့ရှိ အထင်ကရ မနောကွင်း၌ မူးယစ်ဆေး သုံးစွဲနေသည့် သူများအား တွေ့ရစဉ်။ ဓါတ်ပုံ - (IRIN)
ကချင်ပြည်နယ် ဖားကန့် မြို့နယ် အတွင်းရှိ နမ့်မော် အရပ်တွင် ကက်သလစ် ဘာသာရေး အသင်းတော် KBC နှင့် နမ့်မော် ဒေသခံများ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကောင်အထည် ဖော်ရာတွင် ထိုမူးယစ် ဆေးဝါး ရောင်းချ သူများမှ အကြမ်းဖက် ခဲ့ရာတွင် ဒဏ်ရာ ရရှိခဲ့သူများ ဆေးရုံမှ ပြန်ဆင်း သွားပြီ ဖြစ်ကြောင်း ကက်သလစ် အသင်းတော် မူးယစ် တိုက်ဖျက်ရေး တနိုင်း၊ ဟူကောင်း ဒေသ ဥက္ကဋ္ဌ ဆရာ နော်တောင်မှ ရွှေဟင်္သာ သတင်းဌာနအား မတ်လ ၂၅ ရက်နေ့၌ ပြောကြား ခဲ့သည်။

“ဒဏ်ရာ ပြင်းထန်ပြီး မြစ်ကြီးနားဆေးရုံကို ပို့လိုက်တဲ့ (၂) ယောက်က ပြီးခဲ့တဲ့ တနင်္လာ နေ့က ဆေးရုံက ဆင်းသွားပြီ” ဟု ဆရာ နော်တောင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုသူ နှစ်ဦး၏ နာမည်ကို ထုတ်ဖော် ပြောကြားရန် ဆရာနော်တော်မှ ငြင်းဆို ခဲ့သည်။

ထိုကက်သလစ် ဘာသာရေး အသင်းတော်မှ ဦးဆောင်၍ ဒေသခံ များနှင့် လက်တွဲ ဆောင်ရွက် နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သည် ပြီးခဲ့သည့် မတ်လ (၁၅) ရက်နေ့တွင် ဖားကန့်မြို့နယ် လုံးခင်း အနီးရှိ ဘော်ဇီဇာ အရပ်တွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင် နေစဉ် မူးယစ်ဆေးဝါးများ နမ့်မော် အရပ်၌ ပင်ရင်း ထား၍ ရောင်းဝယ် ဖောက်ကား နေကြောင်း သိရ၍ သွားရောက် တိုက်ဖျက်စဉ် ယခု ကဲ့သို့ တစ်ဖက် မူးယစ်ဆေးဝါး ရောင်းဝယ် သူများမှ အုပ်စုဖွဲ့၍ အကြမ်းဖက် ခဲ့ခြင်း ဖြစ်သည်။

ထိုအင်အား (၁၅) ဦးပါ ကက်သလစ် အသင်းတော်နှင့် ဒေသခံများ ပူးပေါင်း ထားသည့် မူးယစ် တိုက်ဖျက်ရေး အဖွဲ့အား မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ အင်အားစုမှ နမ့်မော်ရွာတွင် ၎င်းတို့၏ ကားများ အကြမ်းဖက်၍ ခဲဖြင့် ပစ်ခြင်း ၊ လူများအား ဓါးဖြင့် လိုက်လံ ခုတ်ခြင်းများ ပြုလုပ် ခဲ့သည်။

ထို့ကြောင့် မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင် (၁၅) ဦး အနက် ၁၀ ဦးကျော် ဒဏ်ရာ ရခဲ့ပြီး (၂) ဦးမှာ ပေါင်နှင့် လက်တို့၌ ဓါးခုတ် ခံရသည့် ဒဏ်ရာ များနှင့် ဒဏ်ရာ ပြင်းထန် သဖြင့် မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်၍ ကုသမှု ခံယူ စေခဲ့ပြီး ကျန်အနည်း အကျဉ်း ဒဏ်ရာရသူများအား ဖားကန့် ဆေးရုံ၌ ကုသမှု ခံယူရန် ပို့ဆောင် ခဲ့ကြောင်း နမ့်မော် ဒေသခံ ဦးလမောင် လတောင်က ရွှေဟင်္သာ သတင်းဌာနအား မတ်လ (၂၅) ရက်နေ့၌ ပြောကြား ခဲ့သည်။

“မြစ်ကြီးနား ဆေးရုံကို ပို့လိုက်တာ (၂) ယောက် ၊ ကျန်တဲ့ နည်းနည်း ပါးပါး ဒဏ်ရာ ရသူတွေကို ဖားကန့် ဆေးရုံကို ပို့လိုက်တယ်၊ အစက ကျတော့ ဘိန်းရောင်းတဲ့ သူကို လုံခင်း ဘေးနားက ဘော်ဇီဇာမှာ မိတော့ ပင်ရင်းကို ဘယ်မှာလဲလို့ မေးတော့ ၊ နမ့်မော်မှာ ဆိုတော့ ၊ နမ့်မော်ကို သွားတဲ့ အခါမှာ အဲဒီမှာ မူးယစ်ဆေးဝါး ရောင်းတဲ့ သူတွေက ဝိုင်းပြီး ဓါးနဲ့ ခုတ်လိုက်တာ”  ဟု ဦးလမောင် လတောင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုသို့ အခင်း ဖြစ်ပွားပြီးနောက် ဖားကန့် အာဏာပိုင် အုပ်ချုပ်ရေးမှူး၊ ရဲနှင့် တပ်မမှူးများမှ ထိုဖြစ်ရပ်အား တာဝန်ယူ ဖြေရှင်း ပေးမည်ဟု ဆိုလာ သဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အင်အားစု များက ၎င်းအာဏာပိုင် များ၏ လုပ်ရပ်အား ဝိုင်းဝန်း စောင့်ကြည့်လျက် ရှိကြောင်း ဦးလမောင် လတောင်က ဆက်ပြောသည်။

“နောက်ဆုံး အခြေအနေက ပြောရမယ် ဆိုရင် အခုအဲဒီ သက်ဆိုင်ရာက လူတွေက ဖြန်ဖြေတဲ့ သဘောပေါ့၊ သူတို့ တာဝန်ယူမယ် ဆိုတော့ အခု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က စောင့်ကြည့်နေတယ် ဒါကို” ဟု ဦးလမောင် လတောင်က ပြောသည်။

ထိုသို့ အခင်း ဖြစ်ပွား ခဲ့သည်မှာ တစ်ပတ်ကျော်လာပြီ ဖြစ်သော်လည်း အာဏာပိုင် များမှ ယခု အထိ ထိုလုပ်ရပ်အား ကိုင်တွယ် ဖြေရှင်း ပေးခြင်း မရှိသေး ဟုလည်း ကက်သလစ် အသင်းတော် မူးယစ် တိုက်ဖျက်ရေး တနိုင်း၊ ဟူကောင်း ဒေသ ဥက္ကဋ္ဌ ဆရာ နော်တောင်မှ ရွှေဟင်္သာ သတင်းဌာနအား ဆက်လက် ပြောကြားသည်။

“လောလောဆယ် ကတော့ သူတို့ (အာဏာပိုင်) တွေက ဘာမှ မလုပ်နိုင်ဘူး ဖြစ်နေတယ်၊ သူတို့ဆီကို အမှုတွဲ လွှဲထားတာ ဆိုတော့ သူတို့ ဘယ်လို လုပ်မလဲ ဆိုတာ စောင့်ကြည့် နေတုန်းပဲ၊ ဒါပေမယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း တွေကိုတော့ ကျနော်တို့ ပုံမှန် လုပ်ဆောင် သွားရမှာပဲ” ဟု ဆရာ နော်တောင်မှ ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ကျောက်စိမ်း တူဖော်ခြင်းကို စီးပွားဖြစ် လုပ်ကိုင်နေသည့် ဖားကန့်ဒေသသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ထူထပ်သည့် ဒေသ တစ်ခုလည်း ဖြစ်ကြောင်း ဆရာနော်တောင်က ဆက်ပြောသည်။

ကချင် ကက်သလစ် ဘာသာရေး အသင်းတော် KBC နှင့် ဒေသခံများ စုပေါင်း၍ ပြီးခဲ့သည့် ဖေဖော်ဝါရီ လမှ စ၍ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်း နှင့် ဟူကောင်း ဒေသ တို့၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းကို ကိုယ်ထူ ကိုယ်ထ အကောင်အထည် ဖော်ခဲ့ရာ၌ ဘိန်းခင်း ဧကပေါင်း (၃၀၀၀) ကျော်ကို ဖျက်ဆီး နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ် များအနက် ကချင် ပြည်နယ်သည် ရှမ်းပြည်နယ် ပြီးလျှင် ဘိန်းစိုက်မှု ဒုတိယ အများဆုံး ပြည်နယ် တစ်ခုလည်း ဖြစ်သည်။

Written by  ရွှေဟင်္သာသတင်းဌာန
http://burmese.phophtawnews.org



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment