လက်ပံတန်း သပိတ်သမားတွေ ဒီနေ့ ရုံးထုတ်မယ်

အကြမ်းဖက် ဖြိုခွဲ ခံရတဲ့ လက်ပံတန်းသပိတ်

မတ်လ ၁ဝ ရက်နေ့က လက်ပံတန်း ကျောင်းသား ဆန္ဒပြပွဲ ကို ဖြိုခွင်း ဖမ်းဆီး ခဲ့ပြီး သာယာဝတီ ထောင်မှာ ထိန်းသိမ်း ထားတဲ့ ကျောင်းသား နဲ့ ဝန်းရံပေးခဲ့တဲ့ ပြည်သူ ၁ဝဝ နီးပါး ကို ဗုဒ္ဓဟူးနေ့ ရုံးထုတ်မယ် လို့ ကျောင်းသားတွေ ဘက်က လိုက်ပါ ဆောင်ရွက် ပေးမယ့် ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

လိုက်ပါ ဆောင်ရွက် ကြမယ့် ရှေ့နေ ၂၅ ယောက် လောက် ရှိပြီး သူတို့ကို ဘယ်အဖွဲ့အစည်း ညွှန်ကြားချက်မှ မဟုတ်ဘဲ အသိစိတ်ဓာတ် နဲ့ ဆောင်ရွက် ပေးကြမှာ ဖြစ်တယ်၊ မိတ်ဆွေ နိုင်ငံရေး အကျဉ်းသား သားသမီးတွေ ပါနေလို့ လိုက်ပါ ဆောင်ရွက် ပေးကြတယ် လို့ ဦးရောဘတ် စန်းအောင် က ရှင်းပြ ပါတယ်။

လက်ပံတန်းမှာ ဖမ်းဆီးထားတဲ့ သူတွေကို အာမခံ ပေးလို့ မရတဲ့ ပုဒ်မ ၅ဝ၅ (ခ) လို အမှုတွေနဲ့ ၆ ခုလောက် စွဲဆို ထားပြီး ထောင် ၅ နှစ် ၆ နှစ်ထိ ချလို့ရတဲ့ အမှုတွေလို့ သိရပါတယ်။

ဖမ်းဆီးခဲ့သူတွေထဲက မတ်လ ၁၂ ရက်နေ့မှာ ကျောင်းတက်နေဆဲ ကျောင်းသား၂၇ ဦးကို ပြန်လွှတ်ခဲ့ပြီး အင်္ဂါနေ့မှာ အရပ်သား ၂၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment