နယ်ခြားသောင်ရင်းမြစ်ကျော် လှေဂိတ်များပြန်လည်ဖွင့်လှစ်

ပုံစာ - ကိုဆယ်သန်း - ဒေါနရတနာစက်သုံးဆီအရောင်းဆိုင်(မြ၀တီ)
ယနေ့နံနက်ကစတင်ကာ မြန်မာဘက်မှ ပိတ်ပင်လိုက်သည့် နယ်ခြားသောင်ရင်းမြစ်ကျော် လှေဂိတ် ၂၀ ကျော်ကို ယနေ့ညနေ ၆ နာရီခန့်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

မြန်မာဖက်သို့စက်သုံးဆီတင်ပို့မှုနှင့်ပတ်သက်ပြီး ထိုင်းဘက်မှပြု မူပုံများကို မကြိုက်သည့်အတွက် ယခုကဲ့သို့ လှေဂိတ်များကို ပိတ်သိမ်းရခြင်းဖြစ်သည်ဟု မြ၀တီအခြေစိုက် အစိုးရလက်နက်ကိုင်အဖွဲ့တခု၏ တာဝန်ရှိသူတဦးက ဆိုသည်။

ယနေ့နံနက်က မြန်မဘက်မှလှေဂိတ်များပိတ်လိုက်သည့်အတွက် မြန်မာဘက်သို့တင်ပို့မည့် ထိုင်းကုန်ပစ္စည်းများ ထိုင်းဘက်ခြမ်းတွင် သောင်တင်နေသဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက် - မြ၀တီင်္ နယ်စပ်ကုန်သွယ်ရေး ယနေ့တွင် ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရသည်။

ယနေ့ညနေ ၆ နာရီခန့်တွင် မြန်မာဘက်မှ ပိတ်ပင်ထားသည့် လှေဂိတ် ၂၀ ကျော်ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု ထိုင်းနှင့်မြန်မာကုန်သည်များက ဆိုသည်။

လှေဂိတ်များပိတ်ရခြင်းအကြောင်းမှာ နယ်ခြားသောင်းရင်းမြစ်အတွင်းရှိ လှေဂိတ်အချို့ မှတဆင့် မြန်မာဘက်သို့ စစ်သုံးဆီများတင်ပို့နေမှုကို ယခုလ ၁၅ ရက်နေ့ကစတင်ကာ ထိုင်းဖက်မှ ရပ်ဆိုင်းလိုက်ခြင်းကြောင့်ဖြစ်သည်ဟု ကုန်သည်များက ပြောဆိုကြသည်။

ယနေ့ညနေ ၆ နာရီခန့်တွင် မြန်မာဘက်မှလှေဂိတ်များ ပြန်လည်ဖွင့်လှစ် လိုက်သည်မှာ မှန်ကန်ကြောင်း မြ၀တီမြို့ရှိ ဒေါနရတနာစက်သုံဆီ အရောင်းဆိုင်မှ မန်နေဂျာကိုဆယ်သန်းက ကရင်အမျိုးသား(မီဒီယာ)ကို အတည်ပြုပြောဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတား၏ ဘေးဝဲယာတွင် နှစ်နိုင်ငံကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့ကြသည့် နယ်ခြားသောင်းရင်းမြစ်ကျော် လှေဂိတ်ပေါင်း ၂၃ ခုထက်မနည်း တည်ရှိသည်။

ထိုင်းနိုင်ငံသည် မဲဆောက် - မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောမှ တဆင့် မြန်မာဘက်သို့ တင်ပို့သည့် တရားဝင်ထိုင်းကုန်ပစ္စည်း ပမာဏမှာ လစဉ်ထိုင်းဘတ်ငွေ သန်း ၃ ထောင်ကျော် ရှိသည်ဟု ထိုင်းကုန်သည်ကြီးများ အသင်းက ဆိုသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment