ဆားဝက်ခြံတွေမှာ နှာခေါင်း၊ ပါးပြင်၊ လည်ပင်းနဲ့ တစ်ခါတစ်လေ ပုခုံးမှာတောင် ပေါက်တတ်ပါတယ်။ ဆားဝက်ခြံက လူကိုရုပ်ဆိုးစေပြီး လူတွေကလည်း ၄င်းတို့ကို အလွယ်ဆုံး ဖယ်ရှားနည်းကို လူတွေ ရှာကြံနေကြပါတယ်။
ဆားဝက်ခြံကြောင့် ချွေးပေါက်ပိတ်ဆို့ပြီး အများအားဖြင့် အာဟာရချို့တဲ့ခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ အသားအရေ အဆီပြန်ခြင်းနဲ့ ဆံပင်အဆီပြန်တို့ကြောင့် ဖြစ်တတ်ပါတယ်။
အလွန်ရိုးရှင်းတဲ့ သဘာဝ ပစ္စည်း (၂) မျိုးတည်းကို သုံးကြည့်ပါ။
- ၁/၂ သံပုယိုသီး
- ပျားရည် (အစက်အနည်းငယ်)
ဖော်စပ်နည်း
သံပုယိုသီးခြမ်းမှာ ပျားရည်စက် အနည်းငယ်ချပြီး မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ဝက်ခြံဖြစ်နေတဲ့ နေရာကို အထူးဂရုစိုက် လုပ်ပေးရပါမယ်။
၅ - ၇ မိနစ်ကြာပြီးရင် မျက်နှာကို ရေနဲ့ ဆေးချပါ။ အမြဲတမ်း ရေအေးသုံးဖို့လည်း သတိရပါ။ ပထမဆုံး အကြိမ်မှာတောင် အသားအရေ နူးညံ့ပြီး တောက်ပြောင်လာတဲ့ တိုးတက်မှု တစ်ချို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လိုအပ်ပါက နောက်ပိုင်းလည်း ထပ်လုပ်ပေးပါ။
Ref:healthyfoodhouse
Source:trend.com.mm
0 comments:
Post a Comment