ပိုကောင်းတဲ့ ပညာရေးစနစ် လိုအပ်တယ်လို့ ထောက်ခံတဲ့ နေတိုး

 ကျောင်းသားများဆန္ဒပြ မှုနှင့်ပတ်သက်၍ ကျောင်းသား များ၏ ပညာရေးတိုးတက်မှုသည် ရာခိုင်နှုန်းအများစုမှာ မှန်ကန် သည်ဟု သရုပ်ဆောင်အကယ်ဒမီ နေတိုးက ထောက်ခံလိုက်သည်။
မည်သည့်နိုင်ငံတွင်မဆို ပညာရေးသည် နံပါတ်(၁)အရေး ကြီးသည့်နေရာ၌ရှိသောကြောင့် မိမိတို့နိုင်ငံသည်လည်း တိုးတက် နေသည့်ခေတ်နှင့်အညီ ပိုမို ကောင်းမွန်သည့်ပညာရေးစနစ် လိုအပ်ကြောင်း ၎င်းက ပြော သည်။
‘‘ဆန္ဒပြမှုမှာ ကျောင်းသား တွေရဲ့ ပညာရေးတောင်းဆိုမှုတွေ မှာ ရာခိုင်နှုန်းတော်တော်များများ က မှန်တယ်လို့ ကျွန်တော်မြင်ပါ တယ်။ အစိုးရဘက်ကလည်း လိုက်လျောနိုင်တာလည်းရှိသလို အချိန်အတိုင်းအတာတစ်ခုအထိ တော့ စောင့်ပေးရမှာတွေလည်းရှိ ပါတယ်။ ကျောင်းသားတွေက လည်း သတိလက်လွတ်နဲ့ တောင်း ဆိုတာတော့ မဖြစ်စေချင်ဘူး။ ကျွန်တော်ကတော့ အားလုံးကို ဆွေးနွေးညှိနှိုင်းတာတွေပဲရှိစေ ချင်တယ်’’ဟု ပြည်သူတစ်ဦးအနေ နှင့် ၎င်း၏သဘောကို ပြောပြ သည်။ သရုပ်ဆောင်နေတိုးသည် နှစ်တိုင်းသင်္ကြန်ကာလတွင် အိမ် ၌သာ အနားယူတတ်သော်လည်း ယခင်နှစ်က နေပြည်တော်သို့ အရေးပေါ်ဖျော်ဖြေရေးသွား ရောက်ခဲ့ရပြီး ယခုနှစ်တွင် အိမ်၌ အနားယူကာ တရားထိုင် မည်ဟု ဆိုသည်။
အနုပညာနှင့်ပတ်သက်၍ လက်ရှိတွင် အနုပညာပျိုးခင်း (၂) မှ မင်းသမီးသုံးဦးနှင့် ပရိုမိုး ရှင်းဗီဒီယိုဇာတ်ကား    ရိုက်ကူး နေပြီး သင်္ကြန်အပြီးတွင် ရုပ်ရှင် ကားကြီးသုံးကားနှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment