လူထဲက လူဆိုတဲ့ နေဒွေး

ဝေဖြိုးအောင်
                ပရိသတ် လက်ခံလာသည့် မင်းသားတစ်လက် ဖြစ်သော နေဒွေးက အနုပညာရှင်များသည်လည်း လူထဲကလူ ဖြစ်သောကြောင့် အနုပညာ လုပ်ငန်းရှင်များကို စီးပွားရေးအရ မဟုတ်ဘဲ ၀ါသနာ အရင်းခံ လုပ်သင့်ကြောင်း ဆိုသည်။
                တခြားလူတွေကတော့ မသိပါဘူး။ ကျွန်တော့်အနေနဲ့ ပေါ်ပင်ဆိုတဲ့ အရာကို မြင်တာ ကတော့ ပေါ်ပင်ဆိုတာ လုပ်ယူလို့ ရတဲ့ အရာ မဟုတ် ပါဘူး။ ပရိသတ်တွေက ထင်မြင်ချက်ပေးတဲ့ အရာတစ်ခုလို့ပဲ ထင်ပါတယ်။ ဒါကြောင့်လည်း အားလုံးက လူထဲက လူတွေ ဖြစ်တာကြောင့် သရုပ်ဆောင် အနုပညာရှင်တွေ ကလည်း အနုပညာ အလုပ်တွေကို ပေါ်ပင် ဖြစ်ချင်ရုံ သက်သက်နဲ့ မလုပ်သင့် ပါဘူး။ အနုပညာ လောက ထဲကို စ၀င်မယ့် အသစ်တွေ ကလည်း ပေါ်ပြူလာ ဖြစ်ချင်ရုံ သက်သက်ပဲ မဟုတ်ဘဲနဲ့ ကိုယ့်အနုပညာ အလုပ်ကို ၀ါသနာပါမှ တကယ်လုပ် နိုင်တယ်လို့ ထင်မှသာ ၀င်လာသင့် ပါတယ်။ အောင်မြင်ပြီးသား အနုပညာရှင်တွေ ကလည်း ပေါ်ပင်သိပ်မလုပ်ဘဲ ကိုယ်လုပ်တဲ့ အလုပ်က ဒီနေ့ထက် မနက်ဖြန်မှာ ဘယ်လို ပိုကောင်းအောင် လုပ်မလဲ ဆိုတာကိုပဲ တွေးသင့်ပါတယ်။ ကျွန်တော်ဖြစ်စေချင်တာ ကတော့ အနုပညာနယ်ကို စီးပွားရေးအရ ၀င်လာတာ မဖြစ်စေချင် ပါဘူး။ ကိုယ်တကယ် ၀ါသနာပါမှပဲ အနုပညာအလုပ်ကို လုပ်တာ ကောင်းပါတယ် ဟု သရုပ်ဆောင် နေဒွေးက ပြောသည်။ နေဒွေးသည် ဒါရိုက်တာ သားညီ ရိုက်ကူးမည့် ဇာတ်ကားတွင် ခင်ဝင့်ဝါ၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့နှင့် အတူ ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။
Source:Messengernewjournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment