အောင်ကောင်းမြတ်
ပရိသတ်အတွက် အသစ်အသစ်များကို တင်ပြနိုင်ရန် အာစုံစိုက်နေသည် ဆိုသည့် အကယ်ဒမီ ခန့်စည်သူက ဇာတ်ကားများ ရိုက်ကူးရာတွင် သရော်သည့် ပြကွက် ထည့်သွင်း ရိုက်ကူးတတ်ပြီး နိုင်ငံရေး ကိုလည်း စိတ်ဝင်စားကြောင်း ပြောသည်။
ကျွန်တော်တို့လည်း သရော်တာတွေကို ၀ါသနာပါတယ်။ ရိုက်လည်း ရိုက်ပါတယ်။ တော်တော်များများလည်း စံချိန်တင်ရ လောက်အောင် ဖြတ်ခံ ရပါတယ်။ ဇာတ်ကားတစ်ကားမှာ ပုဂ်္ဂိုလ်ရေး အရ ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရိုက်ခဲ့တဲ့ အီဖေကိုတို့ ရွေးကောက်ပွဲကားဆိုရင် ဦးညီရဲ့ ၀ါသနာ လက်ရာကို ဒီလိုနိုင်ငံရေး စကားလုံး ပြက်လုံးတွေ အများကြီးပါ နိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ယုံကြည်လို့ ရွေးချယ် တင်မြှောက် လိုက်တဲ့ တာဝန်ရှိ ပုဂိ္ဂုလ်တွေက လက်လွတ်စပယ် ပြောတာတွေ၊ လုပ်ရပ်တွေကို သရော်တာ တွေနဲ့ ပြန်ပြီး တင်ပြမယ့် သဘောရှိ ပါတယ်။ ဒါကို ကြိုတင် Rquest လုပ်ထား ချင်တာက ရုပ်ရှင် ဆင်ဆာပေါ့။ မျက်မှန်ဘောင် အထူကြီး တပ်ပြီးတော့ မကြည့်ပါနဲ့။ ကျွန်တော်ပြောချင် ပါတယ်။ ရုပ်ရှင်လောကသားတွေ ရုပ်ရှင်လောက မြင့်မားလာဖို့ အတွက်ပဲ ရှိစေချင် ပါတယ်။ လူတန်းစား တစ်ရပ်ကို ကာကွယ်ပေးဖို့ မရှိစေချင်ပါဘူး။ ပြီးတော့ လည်း မြန်မာနိုင်ငံမှာ ရွေးချယ်မယ့် ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့ စိတ်ဝင်စား ပါတယ်။ နိုင်ငံသား တစ်ယောက် အနေနဲ့ နိုင်ငံရေးကို မလုပ်ရင် တောင်မှ သိထားဖို့ လိုပါတယ်။ ချစ်တတ်ဖို့ လိုပါမယ်။ ကျွန်တော်တို့လည်း သရော်တာလေးတွေနဲ့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ထရိန်နာ တစ်ယောက် အနေနဲ့ ၀ိညာဉ် ကားတစ်ကားရိုက်ဖို့ ရှိတယ်။ ကျွန်တော်တို့လည်း ကြီးကြီးမားမား ချိန်းနိုင်အောင် ကြိုးစားနေပါတယ် ဟု ခန့်စည်သူက ပြောသည်။ ခန့်စည်သူသည် ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးရန် ရှိပြီး၊ လက်ရှိ ရုံတင်ပြသနေသည့် မင်္ဂလာလှည်း ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။
Source:Messengernewsjournal.com
0 comments:
Post a Comment