ဖုန်ကြားရှင် တပ်ဖွဲ့မှ လက်နက်များဖြင့် ပြစ်မှု ကျူးလွန်သူ ရှစ်ဦးအား ပြစ်ဒဏ်ချမှတ်


ဖမ်းဆီးရမိစဉ်က လက်နက်ခဲယမ်းများ။ ဓါတ်ပုံ - MOI
လားရှိုး မတ် ၂၇

ဖုန်ကြားရှင်တပ်ဖွဲ့မှ လက် နက်ခဲယမ်းများနှင့်အတူ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လာပြီး ပြစ်မှု အမြောက်အမြား ကျူးလွန်ခဲ့သူ တရုတ်နိုင်ငံသား ရှစ်ဦးအား ၎င်း တို့ကျူးလွန်ခဲ့သော ပြစ်မှုအချို့ အတွက် တရားရုံးအသီးသီးက ထောင်ဒဏ် (၂၅) နှစ်စီ ချမှတ်ခဲ့ပြီး ဖြစ်သည့်အပြင် ဓားပြမှု၊ လူသတ်မှု များအတွက်လည်း လားရှိုးခရိုင်တရား ရုံးက မတ် ၂၆ ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ထပ်မံချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံသားများ ဖြစ်ကြ သော ဟန်လုလု (၂၅ နှစ်)၊ ဖန်စင်းချိန် (၂၁ နှစ်)၊ လီထယ် (၂၂ နှစ်)၊ ကျန်း ကျိန် (၁၉ နှစ်)၊ လျှိုလန် (၂၁ နှစ်)၊ လျှိုယက်ချန်း (၁၉ နှစ်)၊ ရန်ရှော်ဟုန် (၁၉ နှစ်)၊ ကျန်းယိန် (၁၇ နှစ်)တို့ ရှစ်ဦးမှာ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီ လပိုင်းက မြန်မာနိုင်ငံ မိုင်းလားမြို့သို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဖုန်ကြား ရှင်၏ (MNDAA) တပ်ဖွဲ့တွင် စစ်သင်တန်းတက်ရောက်၍ ကြေးစား စစ်သားများအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ယင်းတပ်ဖွဲ့တွင် မျှော်မှန်း ထားသလောက် လစာရိက္ခာမရရှိခြင်း ကြောင့် ယင်းတပ်ဖွဲ့မှ လက်နက်များ၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ မိုင်း နှင့်ဆက်စပ်ပစ္စည်းများ ခိုးယူ၍ထွက် ပြေးလာကာ လားရှိုးမြို့သို့ တောလမ်း မှ ဝင်ရောက်လာခဲ့သည်။ လားရှိုးမြို့ တွင် PROBOX ကားတစ်စီးကို လုယူမောင်းနှင်ပြီး မန္တလေးဘက်သို့ ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် လားရှိုးမြို့အထွက် လွယ်လန့်ကျေးရွာ၌ ယာဉ်တိုက်မှု ဖြစ်ပွားကာ ကားမှာပျက်စီးသွားခဲ့ သည့်အတွက် ယင်းနေရာအနီးမှပင် TOYOTA TUNDAR 4WD ကားတစ်စီးကို ထပ်မံလုယက်မောင်း နှင်ခဲ့သည်။ ကျောက်မဲမြို့နယ် ခိုမုန်း ကျေးရွာအုပ်စု ပေါက်အင်းကြီးရွာ အနီး တောင်ယာကွက်တစ်ခုအတွင်း ၌ ယင်းကား၏ ယာဉ်မောင်း ဦးသိန်း အောင်အား သတ်ဖြတ်၍ မြေမြှုပ် ထားခဲ့ကြပြီး ဆက်လက်မောင်းနှင် လာခဲ့ကြရာ ၎င်းတို့အား အိန္ဒိယ နယ်စပ် တမူးမြို့တွင် လွန်ခဲ့သည့်နှစ် ဧပြီ ၂၅ ရက်က လက်နက်ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

တရုတ်နိုင်ငံသားရှစ်ဦးအား မုံရွာ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ လဝက အက်ဥပဒေပုဒ်မ-၁၃(၁)၊ လက်နက်ဥပဒေ ပုဒ်မ-၁၉(က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၇ တို့ အရ အသက် (၁၇နှစ်)သာ ရှိသေး သော လူငယ်တရားခံ ကျန်းယိန်အား ထောင်ဒဏ် ၁ဝနှစ် နှင့် ကျန်တရားခံ ခုနစ်ဦးအား ထောင်ဒဏ် ၁၃ နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီးဖြစ်သည် ။

လားရှိုးမြို့နယ်အတွင်း ၎င်းတို့ ကျူးလွန်ခဲ့သည့် PROBOX ကားကို လုယူမောင်းနှင်သော ဓားပြမှု၊ အကျိုး ဖျက်ဆီးမှုတို့အတွက် လားရှိုးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ယင်း ပြစ်မှုများအတွက် လူငယ်တရားခံ ကျန်းယိန်အား ထောင်ဒဏ် ၁ဝ နှစ် နှင့် ကျန်တရားခံ ခုနစ်ဦးအား ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီးဖြစ်သည် ။

လားရှိုးမြို့နယ် အတွင်းမှ TOYOTA TUNDAR 4WD ကားကိုလုယူသွားပြီး ကျောက်မဲမြို့ နယ်အတွင်းတွင် ယာဉ်မောင်း ဦးသိန်း အောင်အားသတ်၍ မြေမြှုပ်ထား ခဲ့သောအမှုအတွက် လားရှိုးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ပြစ်မှု ကြီးအမှုအမှတ်-၁/၂ဝ၁၅ တွင် ပြစ်မှု ပုဒ်မ-၃၉၆အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား၍ လူငယ်တရားခံ ကျန်းယိန်အား ထောင်ဒဏ် ၁ဝနှစ်နှင့် ကျန်တရားခံခုနစ်ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံစေရန် မတ် ၂၆ ရက်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားခံများ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သော ပြစ်မှုအသီးသီးတို့ အတွက် တရားရုံးအသီးသီးက ချမှတ်ခဲ့သော ပြစ်ဒဏ်များမှာ လူငယ် တရားခံ ကျန်းယိန်အား စုစုပေါင်း ထောင်ဒဏ် အနှစ် ၃ဝ နှင့် ကျန် တရားခံဟန်လုလု၊ လီထယ်၊ လျှိုလျန်၊ ဖန်စင်းချိန်၊ ကျန်းကျိန်၊ လျှိုယက်ချန်း၊ ရန်ရှော်ဟုန်တို့အား စုစုပေါင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၂၅ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး တရားခံများ၏ ပြုမူဆောင် ရွက်ချက်မှာ သာမန်ပြစ်မှုကျူးလွန် ခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ထိခိုက် စိန်ခေါ်ရာရောက်သဖြင့် သက်ညှာ ရန်အကြောင်းမရှိ၍ ထိရောက် ဟန့်တားသောပြစ်ဒဏ်များ ချမှတ် ရခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးနွယ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS






  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ



  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment