တက်တူးဆရာမ Kat Von D ထုတ်လုပ်တဲ့ နှုတ်ခမ်းနီအသစ် ဝေဖန်ခံနေရ


ကမ္ဘာကျော် တက်တူးပညာရှင် အမျိုးသမီး Kat Von D ဟာ သူမရဲ့ ၂၀၀၈ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Sephora Collection ဆိုတဲ့ အလှကုန်ပစ္စည်း စာရင်းထဲမှာ သူမ ထုတ်လုပ်တဲ့ နှုတ်ခမ်းနီအသစ် ကို ထည့်သွင်းခဲ့ပြီး ထိုနှုတ်ခမ်းနီရဲ့ နာမည်ဟာ “Underage Red” လို့အမည်ပေးထားခဲ့တဲ့အတွက် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။
စာရေးဆရာမတစ်ယောက် လည်းဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်လည်းဖြစ်တဲ့ Parker Marie Molloy က Kat Von D ရဲ့ နှုတ်ခမ်းနီအသစ်ကို ငယ်ရွယ်တဲ့ မိန်းကလေးများအတွက် ထုတ်လုပ်ထားတယ်လို့ ဆိုကာ လက်မခံနိုင်ကြောင်း ဝေဖန်ရေးသားခဲ့သလို အများစုကလည်း Molloy ရဲ့ ဝေဖန်မှုကို လက်ခံခဲ့ကြပါတယ်။
ထို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့ တက်တူးဆရာမ Kat Von D က “ကျွန်မငယ်ငယ်တုန်းက အသက်မပြည့်လို့ ဖျော်ဖြေပွဲတွေ ကြည့်ခွင့်မရခဲ့တဲ့ အဖြစ်အပျက်ကနေ ဒီနှုတ်ခမ်းနီကို ထုတ်လုပ်ဖို့ အကြံဥာဏ် ရယူခဲ့တာပါ။ အဲဒီလို မဆိုင်တာတွေ တွေးနေတဲ့အတွက် သင့်ကိုသင် ရှက်သင့်ပါတယ်” လို့ Kat Von D က ဝေဖန်မှုတစ်ခုကို တုံ့ပြန်ခဲ့ပါတယ်။
Kat Von D ဟာ ၂၀၁၃ ခုနှစ်ကလည်း Celebutard လို့အမည်ပေးထားတဲ့ နှုတ်ခမ်းနီ ပန်းရောင်တစ်မျိုးကို ထုတ်လုပ်ခဲ့တဲ့အတွက် မသန်စွမ်းတွေနဲ့ မိဘတွေဟာ ကန့်ကွက်ခဲ့ကြပါသေးတယ်။
“Underage Red” နှုတ်ခမ်းနီဟာ Amazon ကလွဲပြီး စတိုးဆိုင်တွေနဲ့ အွန်လိုင်းက တစ်ဆင့် ၀ယ်ယူနိုင်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
Underage Red lipstick
Ref:starpulse.com
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment