ပြီးခဲ့တဲ့ အပတ်ထဲမှာ ကြားလိုက်ရတဲ့ ထူးဆန်းတဲ့ သတင်းတစ်ခုကတော့ Jamie Foxx နဲ့ Katie Holmes တို့ တွဲနေကြတယ် ဆိုတာပါပဲ။ ဒါပေမယ့် အဲဒါဟာ ကောလာဟလ တစ်ခုသာ ဖြစ်တယ်ဆိုတာကို Jamie Foxx က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
Jamie Foxx ဟာ Katie Holmes နဲ့ တွဲနေခြင်းမဟုတ်ပဲ Animation စီမံကိန်းတစ်ခုအတွက် အလုပ်အတူ လုပ်နေခြင်းသာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ Katie Holmes ဟာ ၂၀၁၂ မှာ Tom Cruise နဲ့ ကွာရှင်းပြီး လွန်ခဲ့တဲ့ ၃ နှစ် ထိုအချိန်ကတည်းက Jamie Foxx နဲ့ Katie Holmes တို့ဟာ ပတ်သက်မှုတွေ ရှိနေတယ် ဆိုတာဟာလည်း ကောလာဟလ တစ်ခုသာ ဖြစ်တယ်လို့ Jamie Foxx ကဖြေရှင်းခဲ့ပါတယ်။
People မဂ္ဂဇင်းမှာ သူတို့ ၂ ယောက်နဲ့ ရင်းနှီးသူများစွာရဲ့ပြောကြားချက်အရ ဖော်ပြခဲ့တာကတော့ သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေးဟာ ပိုမို နီးစပ်လာပြီး အတူတူ အချိန်များစွာ ကို ကုန်ဆုံးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါသေးတယ်။
ဒါနဲ့ ပတ်သက်ပြီး TMZ သတင်းဌာနကို Jamie Foxx က ပြောပြခဲ့တာက “ကျွန်တော်တို့ဟာ သူငယ်ချင်းတွေပါပဲ။ အတိအကျ ပြောရမယ်ဆိုရင် CSI ကို ဖန်တီးခဲ့တဲ့ Anthony Zuiker က ကျွန်တော်တို့ကို animation ပရောဂျက် တစ်ခုအတွက် အလုပ်အပ်ခဲ့ပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ” လို့ ပြောပြခဲ့ပါတယ်။
Ref:starpulse.com
Source:trend.com.mm
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
0 comments:
Post a Comment