လူသတ်မှုကျူးလွန်သူ လေးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိ


 မော်လူး ဧပြီ ၁၉

 စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် မော်လူးဒေသ မော်လူး ရဲတပ်ဖွဲ့စခန်းက လူသတ်မှုကျူးလွန် သည်ဟု မသင်္ကာသူလေးဦးအနက် နှစ်ဦးကို ဧပြီ ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၂ဝ က ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက မော်လူး နယ်မြေရဲစခန်းမှ အရှေ့ဘက်တစ်မိုင် ခွဲအကွာရှိ ဝေဘူဝေဘာတောရ ကျောင်းအနီး တောင်ယာခင်းလုပ် ကိုင်နေသူ ဦးထွန်းမြတ်မှာ ယင်း တောင်ယာအခင်းတွင် ဒဏ်ရာများ ဖြင့် သေဆုံးနေကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းတင့်က သတင်း ပေးပို့ခဲ့သဖြင့် မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဦးထွန်းမြတ် (၆ဝနှစ်)မှာ တောင်ယာခင်းတဲဘေး ရှောက်ချုံဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့၍ ရဲ ဆေးစာဖြင့် မော်လူးတိုက်နယ် ဆေးရုံသို့တင်ပို့ကာ ပြစ်မှုကျူးလွန် သူကို ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ဧပြီ ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၂ဝ တွင် ပြစ်မှုကျူးလွန်သူများဖြစ် သည့် ဝေယံဦး၊ မထားထားဝင်းတို့ သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ အမှုကျူးလွန်ပုံနှင့် ပတ်သက်၍ တာဝန်ရှိသူများက မှတ်တမ်းဓာတ်ပုံများရိုက်ယူပြီး အမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည်နှစ်ပေခန့်ရှိ နှစ်ငါးမူးသစ်သား ချောင်းတစ်ချောင်းကို ရှာဖွေသိမ်း ဆည်းရမိခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍ မော် လူးနယ်မြေရဲတပ်ဖွဲ့စခန်းက ဝေယံဦး (၁၈နှစ်)နှင့် မထားထားဝင်း(၂၄နှစ်) တို့အား ဆက်လက်စစ်ဆေးရာ လူ သတ်မှုကျူးလွန်သည့် ပြစ်မှုကျူးလွန် သူမှာ လေးဦးဖြစ်ပြီး ပြည့်စုံအောင် (၁၈နှစ်)နှင့် သိန်းဝင်းအောင်(၂၉နှစ်) နှစ်ဦးမှာ အခင်းဖြစ်ပြီးနောက် ထွက် ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရ သဖြင့် ၎င်းတို့ကို ဖမ်းဆီးရမိနိုင်ရေး အတွက် ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment