ရွှေကျင်မြို့၌ ဓာတ်ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား


ရွှေကျင် ဧပြီ ၁၉

 ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ် ပွဲကုန်းရပ်ကွက် မင်းလမ်းတွင် ယနေ့ မွန်းလွဲ ၁ နာရီက ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် မင်းလမ်းတွင် ဖွင့်လှစ်ထားသော ဦးစိုးလင်းပိုင် ဧရာရွှေဝါစက်သုံးဆီ အရောင်းဆိုင် တွင် ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီက ဓာတ်ဆီဖြည့်ယာဉ်မှ ဓာတ်ဆီများကို ဆီသိုလှောင်ကန်ထဲသို့ ထည့်နေစဉ် ဆီထည့်သော ဂေါက်နှင့် သိုလှောင်ကန်ထိပ်ဝတို့ရိုက်မိပြီး မီးစတင် လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင် ရာသို့ ရွှေကျင်မြို့နယ်မှ မီးသတ်ယာဉ် သုံးစီး၊ ညောင်လေးပင်မြို့နယ်မှ မီးသတ်ယာဉ်သုံးစီး၊ ပြွန်တန်ဆာ မြို့နယ်မှ မီးသတ်ယာဉ်နှစ်စီး၊ ဒိုက်ဦး မြို့နယ်မှနှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင် ၂၉ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၅ ဦး၊ ရွှေကျင်မြို့နယ်နှင့် ညောင် လေးပင်မြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ ဝင် ၃ဝ ခန့်၊ ရဲတပ်ဖွဲ့ဝင် ၅၁ ဦး၊ တပ်မတော်သား ၁ဝဝ ခန့်တို့က ရေဂါလန် ၃၉၈ဝဝ၊ ဓာတုဆေးရည် ၅၅ ပုံးတို့နှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဓာတ်ဆီဆိုင် လုပ်သား ဝေယံဖြိုး(၁၈ နှစ်) ကွင်း ဆိပ်ရွှေကျင်မြို့နေသူ ဒဏ်ရာရရှိ (မစိုးရိမ်ရ)သဖြင့် ရွှေကျင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆီသယ် ယာဉ်မောင်းထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း၊ ဆီသယ်ယာဉ် မီးလောင်ဆုံးရှုံး ပျက်စီးသွားခဲ့ပြီး ဓာတ်ဆီသိုလှောင်တိုင်ကီ ရှစ်လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။

အဆိုပါ မီးလောင်ရာသို့ ရွှေကျင် မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ရောက်ရှိလာကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်း-ခင်အောင်လှိုင် (ညောင်လေးပင်)
ဓာတ်ပုံ-နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment