သစ်ခိုးထုတ်သူများကို ပြည်နှင်ဒဏ်သာပေးရန် တရုတ်အစိုးရတောင်းဆိုမှု မြန်မာ ပယ်ချ

ရန်ကုန်၊ ဧပြီ ၂၈
လက်ရှိတွင် အမှုရင်ဆိုင်နေရသော သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား တစ်ရာ ကျော်ကို ပြည်နှင်ဒဏ်သာပေးရန် မေတ္တာ ရပ်ခံထားသည့်စာတစ်စောင်ကို မန္တလေး အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက ကချင်ပြည်နယ်အစိုးရထံ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်လေယာဉ်ဖြင့် ကင်း ထောက်လှမ်းမှုမှတစ်ဆင့် ပြီးခဲ့သည့် ဇန်န ဝါရီလ ၄ ရက်နေ့က ကားအစီး ၄၈၆ စီး ဖြင့် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသား ၁ဝဝ ကျော်ကို ရဲကဖမ်းဆီးနိုင်ခဲ့ပြီး၊ နှစ် ရှည်ထောင်ချမှတ်နိုင်သည့် ဥပဒေပုဒ်မ များဖြင့် ရုံးတော်၌ တရားစွဲဆိုထားစဉ် အ ဆိုပါကောင်စစ်ဝန်ချုပ်ရုံးက အထက်ပါစာ ကို ပြည်နယ်အစိုးရထံ ပေးပို့ခဲ့ခြင်းဖြစ် သည်။
သို့သော်လည်း အဆိုပါ မေတ္တာရပ် ခံစာနှင့်ပတ်သက်၍ ပြည်ထဲရေးပြည် ထောင်စုဝန်ကြီးက ခွင့်ပြုခဲ့ခြင်း မရှိဟု သိရသည်။
ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အ ကြီးတန်းအရာရှိတစ်ဦးက လက်ရှိ စွဲဆို ထားသည့် တည်ဆဲဥပဒေအတိုင်းသာ အ ရေးယူရန် ညွှန်ကြားထားကြောင်း ပြော သည်။
” သူတို့ မန္တလေးရုံးခွဲကနေတစ်ဆင့် မတ်လ ၃ဝ ရက်နေ့ ရက်စွဲနဲ့ ပေးပို့လာတာ ပါ။ အားလုံးဟာ ဥပဒေအတိုင်းပဲ သွားမှာ ပါ”ဟု ၄င်းအရာရှိကြီးက မှတ်ချက်ပြု သည်။
လတ်တလောအတွင်း ပြင်ဆင်စွဲဆို ထားသည့် ပြည်သူပိုင်ပစ္စည်းအလွဲသုံးစား ပြုလုပ်မှု အပက(၃)မှာ ပြည်ထဲရေးဝန်ကြီး ဌာန၏ တိုက်ရိုက်ခွင့်ပြုမိန့် မကျသေးသည့် အတွက် ယခင်ပြစ်မှုများနှင့်ပင်  တရားရုံး ချိန်းကို စေလွှတ်နေရကြောင်း သိရသည်။
နောက်ဆက်တွဲအနေဖြင့် ယခုလ ဧပြီ ၂၂ ရက်နေ့တွင် ဝိုင်းမော်မြို့နယ် တရားရုံး၌ ယင်းအမှုအား ဆက်လက်စစ် ဆေးမှုများ ပြုလုပ်ပြီး လဝက အက်ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ကြောင်း ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရသည်။
အောင်ဇော်ထူး
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment