စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲကျရှုံးသူများ မေလတွင် ပြန်ဖြေရမည်


 ရန်ကုန် ဧပြီ ၁၉

 ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသား ကျောင်း သူများ၏ စာမေးပွဲ အောင်စာရင်းများကို မြို့နယ်အသီးသီး၊ ကျောင်းအသီးသီး၌ မြန်မာနှစ်ဆန်း ၂ ရက်နေ့(ဧပြီ ၁၈ရက်) နံနက်ပိုင်းက ထုတ်ပြန်ကြေညာလိုက် ပြီဖြစ်ရာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျရှုံးသူများ ပြန်လည်ကုစား စာမေးပွဲ ဖြေဆိုကြရမည်ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးမှ ကြေညာ ချက်ထုတ်ပြန်ထားသည်။

''စတုတ္ထတန်းနှင့်အဋ္ဌမတန်းကျရှုံးသူ ကျောင်းသား ကျောင်းသူများအနေဖြင့် ယခုလ ဧပြီ ၂၇ ရက်နေ့မှာကျောင်းပြန်တက်ရမှာဖြစ်ပါတယ်။ စာမေးပွဲကိုတော့ မေ ၁၄၊ ၁၅၊ ၁၆ရက်တွေမှာ ပြန်လည်ဖြေဆိုရမှာဖြစ်ပါတယ်။ ပြန်လည်ဖြေ ဆိုမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ မိမိတို့ကျတဲ့ဘာသာရပ်ကိုသာ ပြန်လည်ဖြေဆိုရမှာဖြစ်ပါတယ်''ဟု သာကေတမြို့နယ် အခြေခံပညာအလယ် တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ပညာသင်နှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများ ကို ခရိုင်စစ်စာမေးပွဲများအဖြစ် ပြောင်းလဲဖြေဆိုခဲ့ရာ အတန်းတင်စာမေးပွဲ မတိုင်မီကပင် အစမ်းစာမေးပွဲ ဖြေဆိုစဉ်အကျအရှုံး များပြားခဲ့သည်။ ကျောင်းများ ၏ အောင်စာရင်းများအရ လူ ၁ဝဝ တွင် ၁၂ဦးမှ ၂၅ဦးအထိသာ အောင်မြင်မှုရှိ သည်ကိုတွေ့ရသည်။ ကျရှုံးသူအများစုမှာ တစ်ဘာသာမှ နှစ်ဘာသာအထိ ဖြစ်သည်။ အချို့မှာ ခြောက်ဘာသာစလုံး ကျရှုံးသူများလည်း ရှိသေးသည်။ အခြေခံပညာစတုတ္ထတန်းနှင့် အဋ္ဌမတန်းအောင်စာရင်းများထုတ်ပြန်ရာတွင်A အဆင့်၊ B အဆင့်၊ ဃ အဆင့်ဟူ၍ သတ်မှတ်ထုတ်ပြန်ထားသည်။

A အဆင့်မှာ ရမှတ်အများဆုံး၊ B အဆင့်မှာ ဒုတိယအမှတ်အများဆုံး ၊C အဆင့်မှာ တတိယအမှတ်အများဆုံးဖြစ်သည်။ သို့ရာတွင်D အဆင့်မှာ ရမှတ် ၄ဝ အောက်ရရှိသူများဖြစ်၍ ကျရှုံးသည့် ဘာသာရပ်များ အလိုက် ပြန်လည်ကုစား စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများ ဖြစ်ကြောင်း သိရသည်။ စာမေးပွဲဖြေဆိုကြမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသား ကျောင်းသူများအနေဖြင့် မေးခွန်းဟောင်းနှင့် ဖြေဆိုရမည် မဟုတ်ဘဲ ဖြေဆိုပြီး ခဲ့သော အတန်းတင်စာမေးပွဲထက် တစ်ဆင့်နိမ့်သည့်မေးခွန်းများဖြင့် ဘာသာ ရပ်အလိုက် ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်းပြန်ဖြေရမည့်ကျောင်းသား ကျောင်းသူများအနေဖြင့် ကျရှုံး သည့် ဘာသာရပ်များအတွက် ဧပြီ ၂၇ ရက်တွင် ကျောင်းပြန်တက်ရမည်ဖြစ်ပြီး မေ ၁၄ ရက်တွင် နံနက် ၉ နာရီမှ ၁ဝနာရီခွဲအထိ မြန်မာစာ၊ မွန်းလွဲ ၁နာရီမှ ၂ နာရီခွဲအထိ အင်္ဂလိပ်စာဘာသာရပ်၊ မေ ၁၅ ရက်တွင် နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ သင်္ချာဘာသာ၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲ အထိ သိပ္ပံဘာသာ၊ မေ ၁၆ ရက်တွင် နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ လူမှုရေးဘာသာရပ်တို့ကို ပြန်လည်ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-သက္က
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment