အနိမ့်ဆုံးလစာ သတ်မှတ်ချက် နီးလာပြီလား


လစာကိစ္စ အလုပ်သမား သပိတ်တွေ ပေါ်ပေါက်ခဲ့
အခြေခံ အနိမ့်ဆုံး လစာ သတ်မှတ်နိုင်ရေး အတွက် အလုပ်သမား ဝန်ကြီးဌာန က ပြီးခဲ့တဲ့ စနေနဲ့ တနဂင်္နွေမှာ အလုပ်ရှင် ကိုယ်စားလှယ် တွေ ၊ အလုပ်သမား ကိုယ်စားလှယ် တွေ နဲ့ သီးခြားစီ တွေ့ဆုံ ခဲ့ပါတယ်။

အလုပ်သမား ဝန်ကြီး ဌာန က ဦး စီးပြီး အခြေခံလူနေမှု စရိတ်တွေ စစ်တမ်း ကောက်တော့ တနေ့ကို လူတယောက် ဟာ ရန်ကုန် လို မြို့ကြီး တွေ မှာ တနေ့ ကျပ် ၃၅ဝဝ ကုန်ကျတယ် လို့ အဖြေ ထွက် လာခဲ့ပါတယ်။

ဒါက အခြေခံ တနေ့ လုပ်ခ သတ်မှတ်နိုင်ရေးအတွက် လုပ်ခဲ့တဲ့ အဆင့် တခုပါ ။ အဲဒီနောက်ပိုင်း တော့ ဒါ နောက်အဆင့် တခုအနေနဲ့ အလုပ်ရှင် တွေ အလုပ်သမား တွေ နဲ့ တွေ့ဆုံ သတင်း အချက် အလက် ယူတဲ့ပွဲတွေ ရန်ကုန်မှာ လုပ်ခဲ့တာပါ။

အဲဒိမှာ အလုပ်သမား တွေဘက်က တနေ့ ကျပ် ၂၅ဝဝ- ၃ဝဝဝ ကနေ ၄ဝဝဝ ထိ ရဖို့ တင်ပြကြတယ် လို့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေး ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး ချုပ် ဦး ဝင်းရှိန် က ပြောပါတယ်။

အလုပ်သမား ဝန်ကြီး ဌာန ဘက်က အခုလို လုပ်ဆောင်မှုတွေ ရှိနေပြီး သိပ်မကြာတဲ့ ကာလ အတွင်းမှာ အခြေခံ အနိမ့်ဆုံး လစာတွေ သတ်မှတ် ဖို့ ပြင်နေပေမယ့် အလုပ်သမား ရေး လုပ်ဆောင် နေသူတွေ က တော့ ၂ဝ၁၂ ကတည်း က စတင် ပြောလာ လုပ်လာ နေတဲ့ အခု အခြေအနေ ကို သိပ် အားမထား ကြပါဘူး။

၈၈ မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အစည်း အဖွဲ့ က အလုပ်သမား ရေး ရာ ဒုတာဝန်ခံ မမာမာဦး က အနိမ့်ဆုံး လစာ သတ်မှတ်ရေး ဘယ်တော့ အဖြေထွက်လာမလဲ ဆိုတာ ကို အများ က စောင့်မျှော် နေကြပေမယ့် လက်တွေ့ တကယ့် အဖြေထုတ် နိုင်ရေး က အတော် ခက်နေဆဲ အခြေအနေ လို့ ပြောပါတယ်။

ထိုင်း ရွှေ့ပြောင်း လုပ်သား

မြန်မာဘက်က အလုပ်ရှာဖွေရေး အေဂျင်စီ တွေ နဲ့ ထိုင်းဘက် က ကုမ္ပဏီ တွေ ပေါင်းကာ အမ်အိုယူ သဘောတူစာချုပ် တွေ နဲ့အညီ မြန်မာအလုပ်သမား တွေ ထိုင်းဘက် မှာ အလုပ် လာလုပ် ကြပေမယ့် လည်း ထိုင်းမှာ အခက်အခဲ တွေ ကြုံနေရတဲ့ အလုပ်သမား တွေ အများအပြား ရှိနေဆဲ လို့ သိရပါတယ်။

မြန်မာပြည်က အလုပ်သမားတွေ ထိုင်းဘက် ကို အလုပ်သွား လုပ်ချင်ရင် မြန်မာပြည် မှာ တရားဝင် တည်ထောင် ထားတဲ့ အလုပ်အကိုင်ရှာဖွေ ရေး အေဂျင်စီတွေ ကနေ တဆင့် အလုပ် ရှာ၊ ပြီးတော့ သူတို့ ဆက်သွယ် ပေးထားတဲ့ ထိုင်းကုမ္ပဏီ တွေ ကနေ တဆင့် အလုပ် သွားလုပ် ကြပါတယ်။ အထူးသဖြင့် ထိုင်း က ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ အထည်ချုပ် လုပ်ငန်း အပါ အဝင် စက်ရုံ အလုပ်ရုံတွေ နဲ့ အိမ်တွင်း စက်မှု လက်မှု လုပ်ငန်းတွေ ဆီကို သွားလုပ်ကြတာပါ။

ဒီလို တရားဝင် သတ်မှတ် လုပ်ကိုင်နေမှု တွေ ကို ချိုးဖောက် ပြီး လုပ်ကိုင်နေကြတဲ့ အေဂျင်စီတွေ ကလည်း ရှိနေတဲ့ပုံ ပါ။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ် က ဦး ကျော်ဇော ကတော့ ပွဲစား တွေ က ကြားက နေ လိမ်လည် နေတာတွေ က ရှိနေဆဲပဲလို့ ဆိုပါတယ်။ အခု အဖြစ်တွေ ရဲ့ လက်သည် ကို အခု လက်ညိုးထိုး ပေမယ့် လည်း အခု အဖြစ်တွေ ကြုံနေရ တာတွေ က အလုပ်သမား အနည်း အကျဉ်း မဟုတ်တဲ့ အကြောင်း ထိုင်းမှာ အခြေစိုက် ပြီး မြန်မာ အလုပ်သမား များ အရေး ကို အကူအညီ ပေးနေတဲ့ သူများ က ပြောပါတယ်။

ပွဲစားတွေနဲ့ သူတို့နဲ့ ဆက်စပ် နေတဲ့ တရားဝင် လုပ်ဆောင် နေတဲ့ အေဂျင်စီတွေ ကို စိစစ် စစ်ဆေး ကြပ်မတ်မှု တွေ မရှိသရွေ့ ထိုင်းမှာ အလုပ်သမား တွေ အခက်အခဲ တွေ ခေါင်းပုံဖြတ် ခံရတာတွေ နဲ့ ကြုံနေရဦး မှာ လို့ အလုပ်သမား တွေ က ပြောကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment