မွေးကင်းစသားငယ်ရဲ့ ဓာတ်ပုံကို ဖော်ပြလိုက်တဲ့ ဂျက်စတင်တင်းဘားလိတ်

အမေရိကန် အဆိုတော် ဂျက်စတင်တင်းဘားလိတ်သည် မွေးကင်းစသားငယ် စိုင်းလက်စ်ရန်ဒေါတင်းဘားလိတ်၏ ပထမဆုံးဓာတ်ပုံကို ဧပြီ ၁၉ ရက်တွင် Insta-gram စာမျက်နှာ၌ ဖော်ပြခဲ့သည်။
ဂျက်စတင်တင်းဘားလိတ်နှင့် ဇနီးဟောလိဝုဒ်မင်းသမီး ဂျက် စီကာဘီယယ်တို့ဇနီးမောင်နှံ အတွက် သားဦးရတနာကို ဧပြီ ၁၁ ရက်တွင် ထွန်းကားသည်။ ဂျက်စတင်တင်းဘားလိတ်သည် သားငယ်စိုင်းလက်စ်ကို ဇနီးဖြစ်သူဂျက်စီကာက ထွေးပိုက်စဉ် ဓာတ်ပုံရိုက်ခဲ့ပြီး ၎င်း၏ မိသားစုဖြစ်ကြောင်း Instagram စာမျက်နှာ၌ ဖော်ပြခဲ့သည်။
မွေးကင်းစသားငယ်စိုင်းလက်စ်သည် ဖခင်ဖြစ်သူဂျက် စတင်တင်းဘားလိတ်အကြိုက်ဆုံးဘေ့စ်ဘောအသင်းဖြစ်သော Memphis Grizzlies အသင်း အင်္ကျီဝတ်ထားသည်ကိုတွေ့မြင်ရသည်။ ဓာတ်ပုံထဲတွင် ဂျက်စီ ကာဘီယယ်သည်လည်း သားငယ်ဖြစ်သူအား ထွေးပိုက်ပြီး ပြုံးပျော်လျက်ရှိသည်ကို တွေ့မြင်ရသည်။ ဟောလိဝုဒ်နာမည်ကျော် စုံတွဲတစ်တွဲဖြစ်သော ဂျက်စတင်တင်းဘားလိတ်တို့ဇနီးမောင်နှံသည် သားငယ်ကို လူအများအာရုံစိုက်မှုများသည့် ဟောလိဝုဒ်လောကမှဝေးရာ မွန်တားနား ပြည်နယ်၌ ကြည့်ရှုစောင့်ရှောက်ရန် စီစဉ်ထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ 
 Us Magazine
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment