ဘေ့စ်ဘောကစားသမားနဲ့ ချစ်ကြိုက်နေတဲ့ Girls' Generation အဖွဲ့ဝင်ယူရီ

 တောင်ကိုရီးယားနာမည် ကျော် မိန်းကလေးပေါ့ပ်အဆိုရှင် များအဖွဲ့ Girls' Generation မှ ယူရီနှင့် တောင်ကိုရီးယားကြေး စားဘေ့စ်ဘောကစားသမား အိုဆောင်းဟွမ်တို့မှာ ချစ်ကြိုက် နေကြကြောင်း Girls' Genera-tion အဖွဲ့ အေဂျင်စီ SM Enter-tainment က ဧပြီ ၂၀ ရက်တွင် အတည်ပြုပြောကြားသည်။
ယူရီနှင့် အိုဆောင်းဟွမ်တို့ သည် ၂၀၁၄ နိုဝင်ဘာကတည်းက တွေ့ဆုံနေကြကြောင်းနှင့် ၎င်းတို့ နှစ်ဦးကို အခြားသောသာမန်စုံတွဲ များကဲ့သို့ စားသောက်ဆိုင်များ၊ ကစားကွင်းများနှင့် ရုပ်ရှင်ရုံများ တွင် အတူတွေ့ခဲ့ရကြောင်း ကိုရီးယားမီဒီယာများက ဧပြီ ၂၀ ရက် တွင် ဖော်ပြခဲ့သည်။
ထို့နောက် SM Entertai-nment က ၎င်းတို့နှစ်ဦးချစ်ကြိုက် နေကြကြောင်း တရားဝင်အတည် ပြုပေးခဲ့သည်။ ‘‘ယူရီနဲ့ အိုဆောင်းဟွမ်တို့ဟာ ၂၀၁၄ နှစ်ကုန်ပိုင်း လောက်က တွေ့ဆုံပွဲတစ်ခုမှာ စတွေ့ခဲ့တာပါ။ အဲဒီနောက် တစ် ယောက်နဲ့တစ်ယောက် သဘောကျပြီး အခုလိုချိန်းတွေ့ဖြစ်နေ တာပါ’’ဟု SM Entertainment က ပြောကြားသည်။
ယူရီသည် ယွန်နာ၊ ဆူ ယောင်း၊ တစ်ဖနီနှင့် ထယ်ယွန်း တို့ပြီးနောက်တွင် ချစ်သူရှိနေ ကြောင်း တရားဝင်ထုတ်ဖော်ပြော ကြားသည့် ပဉ္စမမြောက် Girls' Generation အဖွဲ့ဝင်ဖြစ်သည်။
—Ref: Koreaboo
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment