ထိုင်းသူတောင်းစားများ ခွင့်ပြုချက်ယူရမည်


လူစုလူဝေးနေရာမှာ ငွေကြေးအတွက် တောင်းစားသူများက ထိုင်းအာဏာပိုင်တွေ ဆီကနေ ခွင့်ပြုချက် ရယူဖို့ အစိုးရအဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဧပြီ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ တောင်းစားတာကို တရားမ၀င်ကြောင်း ကြေညာဖို့ သဘောတူညီခဲ့အပြီးနောက် အခုလို အတည်ပြုချက် ရယူရမည်လို့ ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။

အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရ ယောင်ယွတ်မာယာလတ်က လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူထုလုံခြုံရေးဝန်ကြီးဌာန အဆိုပြုချက်အရ လမ်းပေါ်မှာ တောင်းစားတဲ့သူတွေကို တားဆီးဖို့ ဥပဒေကို အစိုးရက သဘောတူလိုက်တယ်လို့ ပြောပါတယ်။

လမ်းပေါ်မှာ လူတွေ တောင်းစားတားကို အဆုံးသတ်ဖို့ လုပ်ဆောင်တာဖြစ်ပြီး တောင်းစားတဲ့သူတွေကို အလုပ်လုပ်ဖို့ အားပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။

၁၉၄၁ ခုနှစ်ကတည်းက တောင်းရမ်းတာကို ထိန်းချုပ်ရုံသာ ပြဌာန်းထားတဲ့ တောင်းရမ်းမှု ထိန်းချုပ်ရေး ဥပဒေမှာ ဒီအပြောင်းအလဲကို အစားထိုးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မသန်စွမ်းတွေနဲ့ အသက်ကြီးတဲ့သူတွေ အလုပ်လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောသွားဘူးလို့ ဆိုပါတယ်။

ထိုင်း သူတောင်းစားတွေနဲ့ လူအများစုဝေးရာနေရာတွေမှာ တောင်းရမ်းတဲ့သူတွကို အလုပ်အကိုင် လုပ်နိုင်ဖို့ သင်တန်း တက်ခိုင်းမှာ ဖြစ်သလို ရွှေ့ပြောင်း နေထိုင်သူတွေ ဆိုရင်တော့ နေရပ်ကို ပြန်ပို့မယ်လို့ ဆိုပါတယ်။

  By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment