ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ အနောက်မြောက်ဘက် ၀ါလင်ဂျန်မြို့က နေအိမ်တလုံးမှာ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူအမြောက်အမြားသေဆုံးသွားပါတယ်။
မေ ၉ ရက်နေ့ည ဒေသစံတော်ချိန် ၁၁ နာရီခန့်က လူနေအိမ်မှာ သေနတ်သံကြားရတဲ့ အတွက် အရာရှိတွေ ရောက်ရှိလာရာမှာတော့ လူအမြောက်အမြား သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကိုကိုးကားပြီး နိုင်ငံတကာ သတင်းမှာ ဖော်ပြပါတယ်။
အိမ်အပြင်ဘက်နဲ့ အတွင်းဘက်မှာ အရွယ်ရောက်ပြီးသား လူတွေ အများအပြား သေဆုံးနေတယ်လို့ ပြောပေမယ့် အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ပစ်ခတ်မှုအကြောင်းအရင်းနဲ့ သေဆုံးသူတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းမသိရသေးသလို စုံစမ်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီမြို့ဟာ ဂျာမန်ဘာသာစကားပြောတဲ့ လူ ၄ ထောင်လောက်နေထိုင်တဲ့မြို့ဖြစ်ပြီး ဇူးရစ်နဲ့ မိုင် ၂၀ အကွာမှာ ရှိနေပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
0 comments:
Post a Comment