အီဘိုလာကင်းစင်ကြောင်း လိုက်ဘေးရီးယားကြေညာ


မွန်ရိုဘီးယား မေ ၁ဝ

လိုက်ဘေးရီးယား နိုင်ငံတွင် လူပေါင်း ၄၇ဝဝ ကျော်သေဆုံးစေ သည့် အီဘိုလာရောဂါအသစ် ထပ်မံဖြစ်ပွားမှုမရှိဘဲ ၄၂ ရက် ကြာပြီးနောက် အဆိုပါအီဘိုလာ ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း ၄င်းအစိုးရနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က စနေနေ့တွင် ကြေညာလိုက်သည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် အီဘိုလာရောဂါ ကြောင့် အာဖရိကသုံးနိုင်ငံတွင် လူပေါင်း ၁၁ဝဝ၅ ဦး သေဆုံးခဲ့ရ ကြောင်း ဒဗလျူအိတ်ခ်ျအိုက ပြော ကြားသည်။

လိုက်ဘေးရီးယား နိုင်ငံအနေ ဖြင့် အီဘိုလာကို အောင်နိုင်ခဲ့ပြီဖြစ် ကြောင်း၊ သို့သော်မပြီးဆုံးသေး ကြောင်း သမ္မတ အယ်လ်လင်ဂျွန် ဆာလိ(ဖ်)က အီဘိုလာကုသရေး အဖွဲ့များအား ပြောကြားသည်။

တနင်္လာနေ့သည် လိုက်ဘေးရီး ယားနိုင်ငံ၏ မင်္ဂလာရှိသောနေ့ဖြစ် လိမ့်မည်ဖြစ်ကြောင်း၊ လိုက်ဘေး ရီးယားနိုင်ငံနေ ခရစ်ယာန်ဘာသာ ဝင်များအနေဖြင့် သေဆုံးသွားကြသူ များအတွက် တနင်္ဂနွေဆုတောင်းပွဲ များပြုလုပ်ကြသလို မူဆလင်တို့အနေ ဖြင့်လည်း သောကြာနေ့ဆုတောင်း ပွဲများလည်း ပြုလုပ်နိုင်မည်ဖြစ် ကြောင်း သမ္မတက ပြောကြားသည်။

လိုက်ဘေးရီးယား နိုင်ငံသည် သြဂုတ်နှင့် အောက်တိုဘာလအကြား သီတင်းတစ်ပတ်အတွင်း ရာနှင့် ချီသော အီဘိုလာရောဂါ ထပ်မံကူး စက်ခံရမှု အမြင့်မားဆုံးအနေအထား သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံက ရာနှင့်ချီသော တပ်ဖွဲ့ ဝင်များ လိုက်ဘေးရီးယားသို့ ကုသရေးဆေးခန်းများ ဆောက်လုပ် ရာတွင် ကူညီပေးရန် စေလွှတ်ခဲ့သည်။ အီဘိုလာရောဂါ ကင်းစင်ကြောင်း ကြေညာမှုကို အမေရိကန်က ကြိုဆို လိုက်သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment