ဆော်ဒီဦးဆောင်အာရပ်ညွန့်ပေါင်းအဖွဲ့ ယီမင်ကို အကြိမ် ၁၃၀ ဗုံးကြဲ


ဆာနား မေ ၁ဝ

ယီမင်နိုင်ငံအပေါ် ၂၄ နာရီ အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၃ဝ ပြုလုပ်ခဲ့ကြောင်း ဆော်ဒီ အာရေဗျဦးဆောင်သော ညွန့်ပေါင်း အဖွဲ့က စနေနေ့တွင် ပြောကြား လိုက်သည်။

အဆိုပါတိုက်ခိုက်မှုတွင် အချို့ သော တိုက်ခိုက်မှုများသည် နိုင်ငံ တကာဥပဒေကို ချိုးဖောက်တိုက်ခိုက် ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြော သည်။

လေကြောင်းမှ ဗုံးကြဲချမတိုက် ခိုက်မီ ဟူသီသူပုန်များအားထောက်ခံ မှုအများဆုံး ဒေသဖြစ်သည့် ယီမင် မြောက်ပိုင်းဆာနားမြို့မှ အရပ်သား များအားဘေးလွတ်ရာသို့ တိမ်းရှောင် ကြရန် အာရပ်နိုင်ငံများညွန့်ပေါင်း အဖွဲ့က တိုက်တွန်းဆော်သြခဲ့သည် ဟု ဆိုသည်။

အဆိုပါဒေသသည် လူဦးရေ ထူထပ်သောဒေသဖြစ်၍ သတိပေး ကြေညာချက်မပြုလုပ်ဘဲ ဗုံးကြဲ တိုက်ခိုက်မှု မပြုလုပ်သင့်ကြောင်း၊ ယင်းကဲ့သို့ တိုက်ခိုက်ခြင်းမှာ နိုင်ငံ တကာဥပဒေနှင့် ညီညွတ်ခြင်းမရှိ ကြောင်း ယီမင်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေး မှူး ဂျိုဟန်နက်ဗန်ဒါကလာအောက အဆိုပါနေ့နှောင်းပိုင်းတွင် ကြေညာ ချက်ထုတ်ပြန်ရာ၌ ပြောကြားသည်။

''အရပ်သားတွေ အများစုဟာ ဆာနားမြို့မှာ ပိတ်မိနေကြတယ်။ သူတို့မှာ ကားတွေနဲ့ထွက်ဖို့ ဆီမရှိ ကြဘူး'' ဟု ၎င်း၏ကြေညာချက် တွင် ဖော်ပြသည်။

''နေရာပေါင်း ၁ဝဝ ခန့် လောက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါ တယ်။ ဒီသီတင်းပတ်ထဲမှာ ဟူသီ သူပုန်တွေက ဆော်ဒီနယ်စပ်တွေ ကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အပေါ် လက်တုံ့ပြန်တိုက်ခိုက်တာ ပါ''ဟု ညွန့်ပေါင်းအဖွဲ့ပြောရေးဆို ခွင့်ရှိသူက ပြောသည်။

''ဆာနားနဲ့ ဟာဂျာပြည်နယ် တစ်ဝန်းမှာရှိတဲ့ ဟူသီသူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ လေကြောင်းမှ ဗုံးကြဲသလိုမြေပြင် တပ်တွေကလည်း တင့်ကားတွေ၊ အခြားစစ်ဘက်ယာဉ်တွေနဲ့လည်း တိုက်ခိုက်ခဲ့ပါတယ်'' ဟု ဗိုလ်မှူးချုပ် အာမက်အက်ဆရီက ပြောသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment