Miss Myanmar World 2015 ဆန်ကာတင် အယောက် ၂၀ ရွေးချယ်ပြီး စီး


Miss Myanmar World 2015 အတွက် ဖောင်တင်သူ ( ၃၉ ) ဦးထဲမှ အယောက် ( ၂၀ ) ရွေးချယ်ခြင်း အခမ်းအနားကို ( ၄. ၅. ၁၅ ) ရက်နေ့ နေ့လည် ၂ နာရီ တွင် Kandawgyi Palace Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အယောက် ၂၀ ဆန်ကာတင်စာရင်းထဲမှာ ပါဝင်သွားသည့် မိန်းမပျိုလေးများကတော့ အမှတ်စဉ် ( ၁ ) ခင်ရတနာ ၊ အမှတ်စဉ် ( ၂ ) ပိုးပိုးရွှေရည် ၊ အမှတ်စဉ် ( ၃ ) ဖြူသန့်ချော ၊  အမှတ်စဉ် ( ၄ ) နှင်းရွှေရည် ၊အမှတ်စဉ် ( ၅ ) အင်ကြင်းမေ၊  အမှတ်စဉ် ( ၆ ) အေးချမ်းမြင့်ဦး ၊ အမှတ်စဉ် ( ၇ ) ပိုးဒါလီကျော် ၊ အမှတ်စဉ် ( ၈ ) ယမနေ ၊ အမှတ်စဉ် ( ၉ ) အိသက်မွန် ၊ အမှတ်စဉ် ( ၁၀ ) ဟန်နွေ ၊ အမှတ်စဉ် ( ၁၁ ) ပန်ပန် အိန်ဂျယ်လင်း ၊ အမှတ်စဉ် ( ၁၂ ) မေမွန် ၊ အမှတ်စဉ် ( ၁၃ ) ခိုင်လဲ့ဇင် ၊  အမှတ်စဉ် ( ၁၄ ) နေခြည် ၊ အမှတ်စဉ် ( ၁၅ ) နိုနိုကေ ၊ အမှတ်စဉ် ( ၁၆ ) ဖြူဖွေး ၊ အမှတ်စဉ် ( ၁၇ ) နေရည်ဝင်းလဲ့၊ အမှတ်စဉ် ( ၁၈ ) နန်းစန္ဒာလှထွန်း ၊ အမှတ်စဉ် ( ၁၉ ) မော်ရင်း ၊ အမှတ်စဉ် ( ၂၀ ) ရှင်ဝေနိုင်ဦးတို့ ဖြစ်သည်။
Finalist အယောက် ( ၂၀ ) ကို Trainer Mr.Brian နဲ့အတူ Cat Walk Training များ ၊ အလှမယ် တစ်ယောက် ပြုမူနေထိုင်ရမည့် Training များ ၊ နိုင်ငံတကာသို့ သွားရောက်ရသည့်အခါ လိုအပ်သည့် ဗဟုသုတများ၊ နိုင်ငံတကာနှင့် ဆက်ဆံသည့်အခါတွင် လိုက်လျောညီထွေ ပြုမူနေထိုင်တတ်စေရန် Personal Training များကိုလဲ Mr. Brian မှ သင်ကြားပေးသွားမှာ ဖြစ်ကြောငး သိရသည်။။ နိုင်ငံခြား ခရီးစဉ်သွားရောက်သည့် အခါတွင်လဲ Air Asia မှ Personal Training ကို သင်ကြားပေးသွားမည်ဖြစ်ပြီး PhuKet Pearl သို့ သွားရောက်လေ့လာရမည့် Activities များလည်း ပါဝင်မှာဖြစ်ကြောင်း သိရသည်။
ယခုနှစ်မှာလဲ Finalist အယောက် ( ၂၀ ) ထဲမှ အရည်အချင်းပြည့်ဝပြီး အထူးချွန်ဆုံးနှင့် မြန်မာနိုင်ငံဂုဏ်ကို ဆောင်နိုင်မည့် အမျိုးသမီးတစ်ဦးကို Miss World 2015 အတွက် ရွေးချယ်ပေးသွားမှာဖြစ်သည့်အတွက် ပရိသတ်များအနေဖြင့် Finalist အယောက် ( ၂၀ ) အနက်မှ မိမိကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်အား SMS Voting နှင့် Online Voting စနစ်များဖြင့် ( ၅ .၄. ၁၅ ) မှစကာ Voting ပြုလုပ်နိုင်မှာဖြစ်သည်။ Online Voting ပြုလုပ်လိုပါက ‘ www.facebook.com/missmyanmarworldofficial‘ မှာ ၀င်ရောက် Vote လုပ်နိုင်ပါသည်။ အကောင်းဆုံး Talent ပြနိုင်သည့် Miss တစ်ဦးဟာ ဆိုရင် Grand Final မှာ Top 10 List ထဲကို အလိုအလျောက်ပါဝင်မှာဖြစ်ကြောင်း သိရပါသည်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment