လက်ရှိမှာ သီချင်းဆိုရတာကို ကားရိုက်တာထက် ပိုရင်ခုန်နေတယ်လို့ ဆိုတဲ့ နန်းခင်ဇေယျာ





၂၀၁၅ ထဲမှာ နိုင်ငံခြား ရှိုးတွေ၊ သင်္ကြန်အခွေတွေနဲ့နယ်ရှိုးတွေ ဆိုဖြစ်နေပေမဲ့ ဂီတဖက်ကို ကူးပြီး အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့မရှိသေးပါဘူးလို့ပြောပြလာတဲ့ နန်းခင်ဇေယျာက "လတ်တလောက နန်းခင် ရှေ့မှာ ကောင်းပြည့်နဲ့တစ်ကားရိုက်ထားတယ်။ ပြီးတော့ ကလောမှာ နေဒွေးနဲ့ကောင်းသုခ ဓာတ်မြေသြဇာကြော်ငြာ သွားရိုက်ထားတယ်။ ဇာတ်တွေကတော့ နန်းခင် ကာရိုက်တာမျိုးစုံကိုရိုက်ချင်ပါတယ်။ အဲ့ဒါကြောင့် နန်းခင်နဲ့လဲလိုက်မယ်။ နေရာလဲရမယ်ဆိုရင် နန်းခင်ရိုက်ပါတယ်။"လို့ ဆိုပါတယ်။
အဆက်မပြတ် ကျင်းပပြုလုပ်လာတဲ့ Miss ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်း သူမက "အရမ်းကောင်းပါတယ်။ အခုဆို Miss World 2015 လဲမကြာခင်မှာ လာတော့မယ်။ ဒီလိုမျိုးမြန်မာအမျိုးသမီးတွေရဲ့အလှအပ၊ မြန်မာအမျိုးသမီးတွေရဲ့ ကျွမ်းကျင်တဲ့ skill တွေကို ထုတ်ပြနိုင်တဲ့အတွက်ကြောင့်မို့လို့အရမ်းကောင်းပါတယ်။ Miss ပွဲတွေပြိုင်ဖို့ရှိတဲ့ ညီမငယ်တွေ၊ ဒါမှမဟုတ် ပြိုင်ဖို့အတွက် စိတ်နှစ်မျိုးဖြစ်နေတဲ့ ညီမငယ်လေးတွေအတွက် ကြောက်စိတ်မထားပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ပြိုင်ကြပါလို့ မှာချင်ပါတယ်။ Miss ပွဲတွေကို ၀င်ပြိုင်မှသာ မြန်မာနိုင်ငံက နေ အရည်အချင်းရှိတဲ့ မိန်းမပျိုလေးတွေအများကြီး ပေါ်ထွက်လာနိုင်မှာပါ။ ဒါဟာကိုယ့်နိုင်ငံကိုလဲ ဂုဏ်ဆောင်နိုင်သလို ကိုယ်ကိုတိုင်အတွက်လဲ ဂုဏ်ရှိစေမဲ့အရာလို့နန်းခင်မြင်တယ်။ ခုနောက်တက်မဲ့ Miss တွေကိုလဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ပြိုင်စေချင်တယ်။ Supporting လုပ်ပေးမဲ့ Organization တွေလဲ အများကြီးရှိတယ်။ ဘာမှကြောက်စရာမရှိဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ပြိုင်ပွဲမှာ ကိုယ့်ရဲ့ Talent တွေကို ထုတ်ပြနိုင်ရမယ်။ Miss တစ်ယောက်ဖြစ်သွားတဲ့အခါ တချို့က Miss နဲ့ပဲရပ်သွားတာမျိုးရှိတယ်။ တချို့ကကျတော့ သရုပ်ဆောင်ဖက်ကို ကူးတာမျိုးတွေရှိတယ်။ Miss တစ်ယောက်ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ လက်ရှိနေရာ တစ်ခုကနေ တိုးတက်ပြောင်းလဲပေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတဲ့အတွက် Miss ပွဲတွေကို ၀င်ပြိုင်သင့်ပါတယ်။ Organization နဲ့စာချုပ်ချုပ်တဲ့ အခါမှာလဲ ရှေ့နေနဲ့သေချာလေး လုပ်သင့်တယ်။ စာချုပ်စာတမ်း မလုပ်ခင်မှာ ရှေ့နေနဲ့သေချာတိုင်ပင်သင့်တယ်။ ဒီဟာက ကစားနေတာလဲမဟုတ်ဘူး။ သူ့ရဲ့စည်းမျဉ်းစည်းကမ်းနဲ့ သွားနေတာမို့လို့တစ်ယောက်နဲ့တစ်ယောက်မျက်နှာပူစရာတွေ မရှိရအောင်သေချာလေး လုပ်သင့်ပါတယ်"တဲ့။
ကိုရီးယားမှာ သီချင်းသွားဆိုဖြစ်တဲ့ နန်းခင်ဇေယျာကို သူမရဲ့ ဂီတဖက်စိတ်ပါဝင်စားမှုအပိုင်းကို မေးကြည့်လိုက်တော့ "နန်းခင် ကိုရီးယားကပြန်လာတော့ တောင်ကြီးမှာ သီချင်းဆိုဖို့ကမ်းလှမ်းတာတွေရှိလာတယ်။ အခွေထုတ်ဖို့တော့ မရှိသေးပါဘူး။ သီချင်းဆိုတဲ့အခါ အဆိုတော်စိတ်တော့ မ၀င်ပေမဲ့ သီချင်းအပေါ်မှာ ခံစားတဲ့ ခံစားမှုလေးတွေတော့ ရှိလာတယ်။ Mood ၀င်တယ်။ ပရိသတ်နဲ့ အပေးအယူမျှအောင်လဲ ပွဲတွေမှာ ဆိုတဲ့အခါ သေချာလေး ဂရုစိုက်ဖြစ်တယ်။ ခုချိန်မှာ သီချင်းဆိုတာနဲ့ ကားရိုက်တာ ဘယ်ဟာကို ရင်ခုန်စေလဲဆို သီချင်းဆိုတာလို့ပြောရမလိုပါပဲ။ ကိုယ်က အနုပညာကိုခုမှစပြီး လေ့လာနေတုန်းဆိုတော့လေ။ အခုချိန်မှာ အရာအားလုံးကို နန်းခင်သင်ယူနေဆဲပါပဲ။ ခု ၂၀၁၅ ထဲမှာ ဆိုနန်းခင် ကိုရီးယားမှာ သီချင်းသွားဆိုဖြစ်တယ်။ Star တို့ရဲ့သင်္ကြန် ( ၂) ထဲမှာ သီချင်းသွားဆိုဖြစ်တယ်။ အဆိုတော်လုပ်ဖို့ကတော့ မရှိသေးပါဘူး"လို့ သူမက ပြောပြခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment