Miss ပွဲကြောင့် နာမည် ဖျက်ခံရပေမဲ့ နာမည် ကျမသွားပဲ ဖြစ်ချင်တဲ့ နေရာတစ်ခုကို ရောက်လာခဲ့တယ်လို့ ဆိုတဲ့ Patricia


အချိန်တိုလေးအတွင်းမှာ ဗီဒီယိုကားတွေ ဆက်တိုက်ရိုက်လာရသလို ရုပ်ရှင်ကားကြီးတွေပါ ကမ်းလှမ်းခြင်းခံလာရတဲ့ Patricia ရဲ့ Street Art ရှုတင်သို့သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တာကတော့ "ခုရိုက်နေတဲ့ကားလေးရဲ့နာမည်က Street Art တဲ့။  ကာရိုက်တာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ကာရိုက်တာလေးပါပဲ။ ကားကြီးအနေနဲ့က ရာဇ၀င်ရိုင်းသူများ ကားရိုက်ထားတယ်။ နောက်ထပ်ရိုက်ဖို့က ဒါရိုက်တာ ဦးမီးပွား၊ မင်းသားက ကိုစိုင်းနဲ့ညီမနဲ့၇လပိုင်းမှာ တစ်ကား ရိုက်ဖို့ရှိတယ်။ ဒီကားပြီးရင် တန်းဝင်ရမှာက ရုံကြီးကားပဲ။ ဒါရိုက်တာက ဦးကျော်ဇောလင်း ၊ မကြီးစိုး၊ ကိုရာဇာနေ၀င်း၊ ကိုရန်လေး၊ ကိုပြေတီဦး၊ ကိုနိုင်ကြီး တို့လဲပါမယ်။ ဟာသ ဇာတ်မြူးလေးပေါ့။ ကားနာမည်က ပဲခူးဆားနှင့် သူဧ။် ဗားရပ်စ်များ"လို့ သူမက ပြောပြပါတယ်။
အနုပညာသက်တမ်း (၄)နှစ်အတွင်း မော်ဒဒယ်ကနေ ခုလို သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရပုံတွေကိုလည်း သူမက "မော်ဒယ်လ် စလုပ်တာကို ဖယ်လိုက်မယ် ဆိုရင် ကားရိုက်တာက သိပ်မကြာသေးဘူးပေါ့။ ခုလိုအချိန်တိုလေးအတွင်းမှာ ဗီဒီယိုကားတွေလဲ ရိုက်လာရတယ်။ ရုံတင်ကားတွေမှာလဲ ကိုယ့်ထက်ဝါရင့်တဲ့ စီနီယာတွေနဲ့အတူ ပါဝင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ပြောလို့ရတယ်ပေါ့။ ညီမဖက်ကတော့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်။ ဘာလို့လဲဆိုတော့ ညီမဘ၀မှာက ကိုယ်စိတ်နာရတဲ့သူတွေ၊ ကိုယ်မခံချင်စိတ်ဖြစ်အောင် ပြိုင်ကြတဲ့သူတွေ၊ ကိုယ့်ရဲ့ရန်ဖက်တွေ အများကြီးရှိတယ်။ လူတွေက ခုချိန်မှာ နာမည်ဖျက်ဖို့ကိုချောင်းနေတာ။ ဒါပေမဲ့ Patricia အရင်တုန်းကတောင်ကလေးစိတ်နဲ့ status တွေ လျှောက်တင်သေးတယ်။ အဲ့ဒါတွေကို screenshot လေးရိုက်လိုက်၊ အဆင်သင့်လေး လူမုန်းအောင် နာမည်ဖျက်လိုက်ပေါ့။ ခုတော့ ဘာမှကိုမတင်တော့ဘူး။ ငြိမ်နေလိုက်တယ်။  ခုကိုယ်လုပ်နေတဲ့ အလုပ်က သရုပ်ဆောင်လိုင်းကို ကူးနေပြီဆိုတော့ ပရိသတ်မုန်းမဲ့အရာတွေကို မလုပ်တော့ဘူး။  အရင်တုန်းကလဲ ဘာစိတ်မှမပါပါဘူး။ ကလေးစိတ် နဲ့ပဲလျှောက်တင်ခဲ့တာပါ။ ခုတော့ အလုပ်ထဲကိုပဲ အာရုံထဲပြီး ကိုယ့်အလုပ်နဲ့ဆိုင်တာပဲ တင်တော့တယ်။ ခုနာမည်ဖျက်ချင်တဲ့လူတွေကလဲ အဆင်သင့် စောင့်ကြည့်နေတာပဲ။ ဒါပေမဲ့ Patricia ကို နာမည်ဖျက်ဖို့ ခွင့်မတွေ့သေးလို့ပေါ့။ သတင်းတွေကလဲပြန်ကြားတယ်။ ဒီလိုကားတွေ ရိုက်နေရတာကို ၀မ်းသာတဲ့သူရှိသလို ကိုယ့်ကိုပြိုင်နေတဲ့ ပြိုင်ဖက်တွေက မကြည်တာတွေရှိတယ်။ မကြည်တဲ့သူတွေကို ဖြတ်ကျော်နိုင်မဲ့နည်းက သူတို့ထက် အောင်မြင်အောင် လုပ်ပြီး ကျော်တက်နိုင်အောင် လုပ်ရမယ်။ ဒီနည်းတစ်နည်းပဲ ရှိတယ်။ ဒါတွေကိုမေ့ပြီး ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ပြီး လုပ်နေတယ်။ မော်ဒယ်လ်တုန်းကလဲတော်တော်အတိုက်အခံများခဲ့တယ်။ ခုသရုပ်ဆောင်ဖက်ကမှာလဲ အတိုက်အခိုက်တွေ ရှိမှာပါပဲ။ ပြိုင်ဖက်တွေ ရှိတာပဲ။ အပြင်လူတွေကပုတ်ခတ်တယ်။ ဒီလောကထဲက လူတွေကကျတော့ ရှေ့မှာတစ်မျိုး၊ ကွယ်ရာမှာတစ်မျိုးပေါ့။ ပြန်ကြားတာပါပဲ။ အဲ့ဒါတွေ အများကြီးရှိတဲ့အတွက် ထိပ်ဆုံးကိုရောက်အောင် ကြိုးစားချင်စိတ်၊ အောင်မြင်အောင်လုပ်ချင်စိတ်ဖြစ်တယ်"တဲ့။
ခုလိုသက်တမ်းတိုလေးအတွင်းမှာ ကားကြီးတွေ ရိုက်လာရတဲ့သူမက နောက်ထပ်ရိုက်ဖို့ လက်ခံထားတဲ့ ဇာတ်ကားအကြောင်းကိုတော့ " နောက်ထပ် ကားကြီးက ၄ကားလောက် ရှိသေးတယ်။ ဦးမျိုးမင်းနဲ့ ၂ ကားရှိသေးတယ်။ ဒီလို အမြန်အဆန် ရုပ်ရှင်ဖက်မှာ ကိုယ့်ရဲ့သက်တမ်းပါးပါးလေးနဲ့ကြိုးစားဖို့အခွင့်အရေးတွေ ပွင့်လာတဲ့အတွက်လဲ အတိုင်းမသိ ၀မ်းသာမိတယ်။ ကိုယ့်ကို ယုံကြည်လို့ကားကြီးတွေမှာ ပါဝင်ခွင့်ပေးတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်။ ခုလက်ရှိမှာ လက်ခံထားတာကတော့ ဟာသ အပျော်လေးတွေပေါ့။ ဦးမီးပွားနဲ့ရိုက်မဲ့ ရုံကြီးကားက ဒရာမာလေးပေါ့။ ညီမမျက်နှာက ဖြူပြီး အရပ်ကလဲရှည်တော့ ဆင်းရဲတဲ့ ကာရိုက်တာဆို နဲနဲအခက်အခဲဖြစ်မယ်လို့ထင်တယ်။ ညီမကိုယ်တိုင်လဲ ဆင်းရဲတဲ့ဘ၀ကားလေးတွေ ရိုက်ချင်တယ်။ အဲ့ဒီကားလေးတွေက ဘ၀ကားလေးတွေဆိုတော့ မြန်မာပရိသတ်လဲ လက်ခံလိမ့်မယ်လို့မြင်မိတယ်။ တစ်ကားရှိတယ်။ ဦးရဲ့အရုပ်ကို ပြေတီနဲ့ဒါပေမဲ့ အဲ့ဒီထဲမှာ ကိုယ်ဝတ်တာလဲ ဈေးအရမ်းပေါတဲ့ စပန့်သားလေးတွေပဲ။ ဒါပေမဲ့အသားဖြူပြီးထွားနေတဲ့အတွက် နောက်ခံအိမ်နဲ့လူနဲ့ကတခြားစီလို့ပြောကြတယ်။ ညီမနဲ့တွဲရိုက်တဲ့ မင်းသားကြီးတွေကိုလဲ မေးဖြစ်တယ်။ ဘာလိုအပ်နေလို့လဲ အစ်ကိုဆိုတော့ ဆင်းရဲတဲ့ ပုံပေါက်အောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ အရောင်ကို အနွမ်းတကာ့အနွမ်းဆုံးဝတ်ပြီး ညစ်ပတ်အောင် လုပ်သင့်ရင်လဲ လုပ်ရမယ်လို့ပြောပြကြတယ်။ ညီမနဲ့ဆို ဆင်းရဲတဲ့ ကာရိုက်တာက နဲနဲပြင်ဆင်မှုများမဲ့ အပိုင်းမှာ ရှိပါလိမ့်မယ်။"လို့ သူမက ပြောပါတယ်။
မကြာခင်မှာလဲ Miss ပြိုင်ပွဲကြီးတွေပြန်လာတော့မှာမို့ မနှစ်ကအမှတ်တရများနဲ့ပတ်သက်ပြီး သူမက " Miss ပွဲတုန်းကဆို ကိုယ့်ကိုလုပ်စားလို့မရတော့အောင်ကို နာမည်ဖျက်တာ။ ဒါပေမဲ့လဲ သူတို့မအောင်မြင်ဘူးပဲပြောရမလားမသိဘူး။ သူတို့နာမည်ဖျက်တာက အောက်ကျမသွားပဲနဲ့ ညီမတကယ်ဝါသနာပါတဲ့ သရုပ်ဆောင်ဖက်ကို ရောက်တောင်ရောက်သွားသေးတယ်။ ဒါကလဲ ကိုယ့်စိတ်စေတနာနဲ့ဆိုင်ပါတယ်။ တစ်ခုခုကို စိတ်နာသွားရင် မေတ္တာပဲပို့ပေးတယ်။ ဘာမှမတုန့်ပြန်ဘူး။ အချစ်ရေးဆိုလဲ ကံမကောင်းဘူး။ အဲ့ဒါတွေကလဲ ကိုယ့်ဘ၀မှာ စိတ်နာစရာတွေ၊ မခံချင်စိတ်ဖြစ်စရာတွေပေါ့။ Miss ပွဲက ကိုယ့်ကိုနာမည်ဖျက်တာတွေက မခံချင်စိတ်တွေပေါ့။ အဲ့ဒီစိတ်တွေက ကိုယ့်ဘ၀တက်လမ်းအတွက် လှေကားထစ်တွေဖြစ်စေခဲ့တယ်။ သူတို့ကို နင်းပြီး တက်လာခဲ့ရတယ်။ စိတ်နာစရာရှိတာလဲကောင်းပါတယ်။ ညီမငိုတဲ့ အခန်းရိုက်တဲ့အခါ အဲ့ဒီစိတ်နာစရာတွေက ကောင်းကောင်းအသုံးချလို့ရတယ်။ ဒီ Miss ပွဲက အရှက်ခွဲတာ ကောင်းကောင်းအသုံးချလို့ရတယ်။ ရည်းစားတွေကို စိတ်နာခဲ့ရတာတွေ၊ အချစ်ရေးကံမကောင်းခဲ့တာတွေကို မမေ့ပြစ်ဘူး။ ဒရာမာကားရိုက်တဲ့အခါ ငိုတဲ့အခန်းတွေမှာ ပြန်သုံးဖို့အတွက် ရင်ထဲထည့်ထားဖြစ်တယ်။ ဒီစိတ်တွေနဲ့အောင်မြင်အောင် ကြိုးစားလို့ရတယ်"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment