ခေါင်းဆောင် မင်းသား အဖြစ် သရုပ်ဆောင် ရတာ ပိုတာဝန်ကြီးတယ် ညီထွဋ်ခေါင်


 ခေါင်းဆောင် မင်းသားနေရာ က ရိုက်ကူးရတာ ပိုတာဝန် ကြီးသလို အနုပညာ အနေနဲ့ကလည်း အရေးကြီးပါတယ် လို့ ညီထွဋ်ခေါင် က ပြောပါတယ်။ ဒုတိယ မင်း သား နေရာ အနေနဲ့လည်း ပရိသတ်ရဲ့ အားပေးမှု ရရှိခဲ့တာဖြစ်လို့ ခေါင်းဆောင်မင်း သား နေရာကိုရောက်ရှိ လာတဲ့အခါမှာ ပရိသတ်ရဲ့ အားပေး မှုထပ်မံ ရရှိအောင် ကြိုး စား သွားမယ် လို့ပြောတဲ့ ညီထွဋ်ခေါင် က “ကျွန်တော် ခေါင်းဆောင် မင်းသားနေရာ ကနေပြီး သရုပ်ဆောင် ရိုက်ကူးခဲ့တာ ဇာတ်ကား ငါးကား ရှိသွားပါပြီ။ ငါးကား စလုံး မှာ တစ်ကား နဲ့တစ်ကား ဇာတ်ရုပ် ဇာတ်ကောင် သရုပ်ဆောင်မှုတွေ မတူအောင် အတတ်နိုင်ဆုံး သေချာ စိစစ်ရွေးချယ်ပြီးတော့ ကိုယ်နဲ့ လိုက်ဖက်မယ့် ဇာတ်လမ်း မျိုးလေးတွေ ပရိသတ် အတွက် အမြဲတမ်း တစ်စုံတစ်ရာ အကျိုးရှိစေမယ့် ဇာတ်လမ်းလေးတွေ ကို အဓိက ထားပြီး ရွေး ချယ် ရိုက်ကူးပါတယ်။ ကျွန်တော် အရင်က ဒုတိယ မင်းသားနေရာကနေ ရိုက်ကူးနေတဲ့ ပုံစံမျိုး မဟုတ်တော့ဘဲ နည်းနည်းလေး ဇာတ်ရုပ်ပေါ်လွင်အောင် မြင်နိုင်မယ့် ပုံစံမျိုးလေးတွေကို ရွေးချယ် ရိုက်ကူးဖြစ်ပါတယ်။ ကျွန်တော် လည်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးပြီး အနုပညာကို ပရိသတ် ထံချပြနိုင်အောင် ရည်ရွယ်ပြီး ဇာတ်ကား အရေအတွက်တွေ ကို ပိုပြီးတော့ ရိုက် ကူးဖြစ်နေတာက တစ်ကြောင်း၊ နောက်ပြီး ဒုတိယ မင်းသားနေရာကနေ ရိုက်ကူးထားတဲ့ ဇာတ် ကားတွေလည်း ကုန်အောင် ထွက်ရှိသွား ဖို့ စောင့်ရင်း ရိုက် ကူး နေ တာကြောင့် ဇာတ်ကားသစ် တွေတော့ မထွက် လာဖြစ်သေးပါဘူး” လို့ ပြောပါတယ်။
ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ကူးရတဲ့ အခါ စိုးရိမ်စိတ်တွေ ဖြစ်မိကြောင်းကို ညီထွဋ် ခေါင်က “ခေါင်းဆောင် မင်းသားနေရာ အဖြစ် ရိုက်ကူးဖို့ ကျွန်တော့် အသိုင်း အဝိုင်း ကလည်းပြောတယ်။ အားပေးကြတယ်။ အဲဒါကြောင့် ကျွန်တော် လည်း လုပ်ဖြစ်တယ်။ ဒါပေမဲ့လည်း စိုးရိမ် စိတ်ဖြစ်မိတယ်။ ဘာစိုးရိမ်လဲ ဆိုတော့ တချို့ဝေဖန် မှုတွေ လည်းရှိတယ်။ ခေါင်း ဆောင် မင်းသားနေရာမှာ ရိုက်ကူးတာက ဘာတွေမှန်းလည်း မသိဘူး။ ဒုတိယမင်းသား အဖြစ်တုန်း ကမှ ကြည့်လို့ ကောင်းသေးတယ် ဆို တဲ့ ဝေဖန်ချက်တွေ ထောက်ပြ ပြောဆို မလာဘူးလို့ မပြောဆိုနိုင်ဘူးလေ။ အဲဒီ လို မဖြစ်အောင် ကိုတော့ ကျွန်တော်က အထူး အဓိကထား ကြိုးစားပြီး သရုပ် ဆောင် ရိုက်ကူး နေပါတယ်။ ဒါပေမဲ့ ချက်ခြင်းတော့ ပရိသတ်တွေရဲ့ အမြင် ကို ပြောင်းပြီး မြင်ပေးနိုင်မှာ မဟုတ် ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။ ဖြေးဖြေးချင်း ပရိသတ်တွေ လက်ခံ လာ အောင်မြင် လာနိုင်အောင် သရုပ် ဆောင် အလုပ်ကို ကျွန်တော် ကြိုး စားအား ထုတ် လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
လွင်လွင်ထွန်း၊
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment