မစုစုနွေးကို ပထမဆုံးအကြိမ် ရုံးထုတ်


 မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ အဖွဲ့တာဝန်ခံ မစုစုနွေးကို ဇူလိုင်လ ၂၉ ရက်နေ့က အင်းတကော် မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ် Photo: Kyaw Kyaw Htwe ( Facebook )
 ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ပဲခူးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ တာဝန်ခံ မစုစုနွေးကို အင်းတကော် မြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး တရားလိုဖြစ်တဲ့ ဗိုလ်ကြီး ဟိန်းဇော်ကို စတင် စစ်ဆေးခဲ့ပါတယ်။

မစုစုနွေးဟာ ပိုင်နက်ကျူးလွန်ပါတယ်လို့ တရားလိုဖက်က သက်သေမပြနိုင်ကြောင်း တရားရုံးကို သွားရောက်ခဲ့တဲ့ မစုစုနွေးရဲ့ခင်ပွန်း ကိုမာကီးက ပြောပါတယ်။

"အပြန်အလှန်မေးခွန်းတွေမေးရာမှာ မစုစုနွေးသူတို့ပိုင်တဲ့မြေထဲကို ကျုးကျော်တယ်ဆိုတဲ့အထောက်အထားတွေ ဘာမှတင်ပြထားနိုင်တာမရှိဘူး၊ သူကတော့ မျက်မြင်သက်သေရှိပါတယ်ပြောတယ်၊ လောလောဆယ်အဲ့သက်သေ ကလည်း ဘာမှ တင်ပြနိုင်ခြင်းမရှိသေးဘူး၊ တရားလိုဖက်က ဓါတ်ပုံတွေပြတာရှိတယ်၊ ၂ ပုံလုံးမှာ မစုစုနွေးလည်း မပါဘူး၊ မစုစုနွေးလည်း မဟုတ်ဘူး၊ မစုစုနွေးကျုးလွန်တယ်ဆိုတာကို သူမှာဘာအထောက်အထားမှ တရားရုံးကို တင်ပြနိုင်ခြင်းမရှိဘူး၊ ရုံးချိန်းကို ၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်"

အဲဒီအမှုအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဥပဒေ အကြံပေး ဒေါ်သီတာအေး၊ ဒေါ်ဥမ္မာခင် နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂက ရှေ့နေ ဦးကျော်စွာထွန်းတို့က လိုက်ပါဆောင်ရွက်ပေးတာဖြစ်ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ အင်းတကော်မြို့နယ်က လယ်သမား ၅ဝ လောက်က မစုစုနွေးကို ပြန်လွှတ်ပေးဖို့ တရားရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

မစုစုနွေးဟာ မနှစ်က အင်းတကော်မြို့နယ် သာယာကုန်းကျေးရွာအုပ်စု အလံကွဲ၊ ရွှေလေး၊ ဂုံညှင်းတန်း ၊ ကျောက်ကုန်း၊ ကျွဲဒညင်းကုန်းနဲ့ မြေနီကုန်း စတဲ့ ကျေးရွာ ၉ ရွာမှာ အမှတ် ၁ ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ တချို့ ပေါ်မှာ ဒေသခံလယ်သမားတွေနဲ့ ဝင်ရောက်ထွန်ယက် ခဲ့တာကြောင့် ခဲယမ်းမီးကျောက် တပ်က ဗိုလ်ကြီး ဟိန်းဇော်က ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment