မြန်အောင် လေဆင်နှာမောင်း ကျေးရွာ(၅)ရွာတွင် အိမ်များ ပျက်စီး

 မြန်အောင် မြို့နယ်အတွင်း ကျေးရွာ (၅)ရွာတွင် လေဆင်နှာမောင်း တိုက်ခတ် မှုဖြစ်ပွား
မြန်အောင် ဇူလိုင် ၃၀

မြန်အောင်မြို့နယ် သရက်တောတော ကျေးရွာ အုပ်စု၊ ရေလဲမြောက်ကျေး ရွာတွင် ဇူလိုင် ၂၉ ရက် နံနက် ၁၁း၃၀ အချိန်ခန့်က အနောက်ဘက်မှ လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားရာ လူနေအိမ်(၇)လုံး အိမ်အမိုး များလွင့်ပျံပြီး လေးပင်အိမ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ် တစ်လုံးပေါ် သို့ ကုက္ကိုလ်ပင် ပိ၍ ပြိုကျပျက်စီးခြင်းနှင့် သုံးပင်အိမ် သွပ်မိုးထရံကာ၊ ပျဉ်ခင်း အိမ်နှစ်လုံးမှာ မြေပေါ်သို့ပြိုကျပျက်စီး ခဲ့ကြောင်းသိရှိရ သည်။ လေဆင်နှာ မောင်း တိုက် ခတ်ချိန်မှာ ၁၀ မိနစ်ခန့် ကြာမြင့်ပြီး လေတိုက်ခတ်မှု့ကြောင့် လူ၊ တိရိစ္ဆာန်များ ထိခိုက် သေဆုံးမှု မရှိကြောင်းနှင့် လေဘေးသင့်အိမ်ထောင် စုများ၏ အမိုး အကာပြန် လည်ပြင်ဆင်ခြင်းအား ကနောင်ရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ကူညီဆောင် ရွက်ပေးကြသည်။


ဇူလိုင် ၂၉ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မြန်အောင်မြို့နယ် မဲခင်ချောင်အုပ်စု နန်းတော်ကျွန်း ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ် မှုဖြစ်ပွားရာ ဘုန်းကြီးကျောင်း (၁)ကျောင်း အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ် (၂၅)လုံး ပြိုကျ ပျက်စီးပြီး အိမ်(၇)လုံး အမိုးလန် ပျက်စီးခဲ့သည်။ လေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် လူ၊ တိရိစ္ဆာန်များ ထိခိုက် သေဆုံးမှုမရှိကြောင်းနှင့် လေဘေးသင့်အိမ်ထောင်စုများ၏ အပျက်အစီး များရှင်း လင်းခြင်းနှင့်အမိုးအကာ ပြန်လည် ပြင်ဆင်ခြင်းတို့အား ရွှေကျင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက ကူညီဆောင်ရွက် ပေးကြသည်။

မြန်အောင်မြို့နယ် ထောက်ကြံအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် ဇူလိုင် ၂၉ ရက် ည ၇း၃၀ အချိန်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်ရာ အိမ် ၂ လုံးပြိုပြီး ၂ လုံး အမိုးလန်ပျက်စီး ခဲ့ကြောင်းသိရသည်။

ညောင်တုံး လဲကျေးရွာအုပ်စု ကုန်းဇံကြွယ်ကျေးရွာတွင် ဇူလိုင် ၂၉ ည ၈း၀၀ အချိန် ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ် ၃ လုံးပြိုကျပျက် စီးခြင်းနှင့် ကြင်းဇံကြွယ်ကျေးရွာတွင် အိမ် ၂ လုံး အမိုးလန်ပျက်စီးခဲ့ ကြောင်းသိရသည်။

မြန်အောင်မြို့နယ် ရင်းတိုက်အုပ်စု ရေသိုးကျေးရွာ တွင် ဇူလိုင် ၂၉ ရက် ည ၁၀း၁၅ မိနစ် အချိန်ခန့် ၌ လေဆင်နှာမောင်း တိုက်ခတ်မှု့ကြောင့် အိမ် ၂ လုံးပြိုကျပျက်စီး၍ အိမ် ၃၂ လုံး အမိုးလန် ပျက်စီး ခဲ့ကြောင်းသိရှိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှု့ကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် သေဆုံးမှု မရှိကြောင်းသက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထံမှ သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment