ဓာတ်တိုင်ပေါ်တက်ပြီး မိန်းတင်ရာက ဓာတ်လိုက်ပြုတ်ကျ၍သေဆုံး



နေပြည်တော်၊ ဇူလိုင် ၁၁

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့အဝင်၊ ပခုက္ကူ- မုံရွာကားလမ်းဘေးတွင် လူတစ်ဦး ဓာတ်လိုက် သေဆုံးကြောင်း သတင်းအရ ရေစကြိုမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရေစကြိုမြို့နယ်၊ ဖူလုံရွာနေ မြို့နယ်လျှပ်စစ်အကူ လုပ်သား ကြည်လွင်(၄၆)နှစ်ဖြစ်ကြောင်း သိရှိရသည်။

 စစ်ဆေးချက်အရ ကြည်လွင်သည် မြို့နယ်လျှပ်စစ်ဝန်ထမ်း ဦးသက်ထွေးနှင့်အတူ လျှပ်စစ်ဓာတ်အား လိုင်းများအား လိုက်လံစစ်ဆေးစဉ် ပခုက္ကူ-မုံရွာကားလမ်း၊ ရေစကြိုမြို့အဝင်၌ အမြင့်(၂၈)ပေရှိ 11 KV လျှပ်စစ်ဓာတ်အားတိုင်၏ (၂၄)ပေခန့်အမြင့်တွင်တပ်ဆင်ထားသည့် မိန်းခလုတ်ကျနေသဖြင့် ဓာတ်တိုင်ပေါ်သို့တက်၍ မိန်းတင်ရာက ဓာတ်လိုက်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သောကြောင့် ရေစကြိုမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၅)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment