လူသတ်လုယက်ပြီး ထွက်ပြေးလာသူများကို ဖမ်းဆီးရမိ

ဒလမြို့နယ်ရဲတပ်ဖွဲ့မှ ယာဉ်စစ်ဆေးရေး ဆောင်ရွက်စဉ် လူသတ်လုယက်မှုကျူးလွန်ပြီး ထွက်ပြေးလာသူများကို ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၁၁

၁၀.၇.၂၀၁၅ ရက်နေ့ ၂၂၄၅ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၊ ဒလ-တွံတေးကားလမ်းရှိ မြို့ဝင်/ထွက်ဂိတ်တွင် ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေစဉ် လှိုင်သာယာမြို့နယ်ဘက်မှ ဒလမြို့နယ်ဘက်သို့ လှိုင်သာယာမြို့နယ်နေသူများဖြစ်သော ကောင်းထက်သော်(၂၁)နှစ်နှင့် ဖြိုးသူ(၂၂)နှစ်တို့စီးနင်းလာသည့် HONDA Wave အမျိုးအစား ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ခဲ့ပါသည်။

ထိုသို့စစ်ဆေးစဉ် ၎င်းတို့(၂)ဦး ၀တ်ဆင်ထားသည့် အ၀တ်အစားများနှင့် စီးနင်းလာသည့်ဆိုင်ကယ် တို့တွင် သွေးများစွန်းထင်းနေသည်ကို တွေ့ရှိရသဖြင့်စစ်မေးရာ ၎င်းတို့(၂)ဦးသည် ၂၁၀၀ အချိန်ခန့်က လှိုင်သာယာ မြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးအား ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း(၁)လုံး၊ Power Bank(၁)ခုတို့ကို လုယူထွက်ပြေး လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ သိရှိရသဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့၍ လှိုင်သာယာမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁)ရှိ ဦးရွှေဘင်လမ်းပေါ်၌ လှိုင်သာယာ မြို့နယ်နေ ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုဇင်မင်းသူ(၂၅)နှစ်အား ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်း၏ ဆိုင်ကယ်နှင့်ဖုန်းမှာလည်း ပျောက်ဆုံးနေသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းတွင် (ပ)၁၁၀၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ ဖြင့်အမှုဖွင့် စစ်ဆေး ခဲ့ပါသည်။

ယင်းသို့ ဒလမြို့မရဲစခန်းမှ ဖမ်းဆီးရမိထားသည့် ကောင်းထက်သော်နှင့်ဖြိုးသူတို့(၂)ဦးအား လွှဲပြောင်း ခေါ်ဆောင်ကာ စစ်ဆေးချက်များအရ ကိုဇင်မင်းသူအား ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်နှင့်ဖုန်းတို့ကို ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများ သိမ်းဆည်းကာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment