တရုတ်အပူလှိုင်း အ၀ါရောင်အဆင့်သတိပေး


 ပေကျင်း ဇူလိုင် ၁၃

 တရုတ်နိုင်ငံ၏ နွေရာသီအမြင့်ဆုံး အပူချိန်သို့ရောက်ရှိလာချိန် တရုတ် အမျိုးသား မိုးလေဝသဌာန(အင်န်အမ်စီ)က အပူချိန်မြင့်တက်မှု အဝါရောင်အဆင့် တပ်လှန့် သတိပေးမှုများ ပြုလုပ်လျက်ရှိသည်။

အပူလှိုင်းသည် တနင်္လာနေ့တွင် တရုတ်နိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် ကျရောက်နိုင်ကြောင်း၊ အခြားဒေသအချို့တွင်လည်း အပူချိန် မှာ ၄ဝ ဒီဂရီ ဆဲလ်စီးရပ်အထိ ရောက်ရှိလာနိုင်ကြောင်း အင်န်အမ်စီက ခန့်မှန်းထားသည်။

မေလလယ်ကတည်းက နိုင်ငံမြောက်ပိုင်းဒေသအချို့တွင် မိုးခေါင်မှု များကြောင့် အပူချိန်မှာဆက်လက်မြင့်တက်နေကြောင်း၊ ပေကျင်းမြို့၏ အဓိကရေပေးဝေရေး အရင်းအမြစ်တစ်ခုဖြစ်သည့် မီယွန်း ရေလှောင်တမံမှာ လည်း ဆက်လက်ခန်းခြောက်လျက်ရှိရာ ကန်ရေလှောင် ပမာဏမှာ ယမန် နှစ်ကထက် ၃၉ ရာခိုင်နှုန်း လျော့နည်းကျဆင်းသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

မကြာမီကျရောက်လာနိုင်သည့် အပူလှိုင်းသည် မိုးခေါင်မှုကြောင့် ပို၍ ဆိုးရွား လာနိုင်ကြောင်း၊ ဒေသအစိုးရများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်မှုလျှော့ချလုပ်ကိုင်ရန် လုပ်ဆောင်သင့်ကြောင်းအကြံပေးအဖွဲ့က ပြောသည်။ တရုတ်နိုင်ငံတွင် ရာသီဥတု သတိပေးမှုစနစ်အရောင် လေးမျိုးခွဲခြားထားရာ လိမ္မော်ရောင်၊အဝါရောင်၊ အပြာရောင်တို့ပြီးလျှင် အနီရောင်သည် အဆိုးရွားဆုံးအခြေအနေဖြစ်သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment