လက်ရှိ ကျွန်တော်နဲ့ သတင်းတွေ ထွက်နေတဲ့ တစ်ယောက်က ကျွန်တော်လိုချင်တဲ့ မိန်းကလေးပုံစံ မဟုတ်ပါဘူးလို့ ဖွင့်ဟလိုက်တဲ့ ထက်ဖုန်းနိုင်


အချစ်ရေးနဲ့ ပတ်သက်လို့ အဆိုတော် မမ တစ်ယောက်နဲ့သတင်းတွေ ထွက်နေတဲ့ Jade Dragon အဖွဲ့က ထက်ဖုန်းနိုင်နဲ့တွေ့ဆုံခိုက် အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တော့  "အချစ်ရေးကတော့ ကောလာဟလတွေ ကတော့ ထွက်တယ်။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက အဲ့ဒီကောလာဟလက မဟုတ်ပါဘူး။ အခုထွက်နေတဲ့ တစ်ယောက်နဲ့ကလဲ အနုပညာမောင်နှမတွေပါ။ သူ့ဘက်က မရှင်းတာကတော့ ဘာ့ကြောင့်ဆိုတာ ကျွန်တော်လဲ အတိအကျ မပြောတတ်ပါဘူး။ ကျွန်တော်ဖြေရှင်းထားတဲ့ စာတချို့နဲ့ ပတ်သက်ပြီးတော့လဲ ဝေဖန်တာမျိုးတွေ ကြုံရတယ်။ တချို့ကျတော့လဲ မိန်းကလေးရှင်ဘက်က နာတာတွေ ရှိတယ်။ မဖြစ်သင့်ဘူး။ မပြောသင့်ဘူးပေါ့။ ဒါပေမဲ့ ဒါက အမှန်တရားတစ်ခုလေ။ ဒါက မဟုတ်လို့မဟုတ်တဲ့ အကြောင်းကို ရှင်းထားတာပါ။ ဟုတ်နေတာကို မဟုတ်ဘူးဆိုပြီး လိမ်နေတာမျိုးလဲ မဟုတ်တဲ့အတွက် မဟုတ်တဲ့အကြောင်းကို လိပ်ပြာလုံစွာနဲ့ပြောပြတာပါ။ အဲ့ဒါကို ကျွန်တော်ကိုမုန်းတယ်ဆိုတော့လဲ ကျွန်တော်လဲ မပြောပြတတ်တော့ပါဘူး။ သူနဲ့တွဲနေတယ်လို့ ထင်သွားရတဲ့ အကြောင်းအရင်းက ကျွန်တော်နဲ့ကောလဟာလထွက်တဲ့ တစ်ယောက်ဆိုရင် အလုပ်လုပ်တာအရမ်းစေ့စပ်တယ်။ သေချာတယ်။ ပြီးတော့ အလုပ်အရမ်းလုပ်လို့ကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်ပါ။ သူကလဲ ကျွန်တော်တို့ အဖွဲ့နဲ့ လက်တွဲရတာကို ကြိုက်တယ်။ ကျွန်တော်တို့အဖွဲ့ကလဲ သူနဲ့ လက်တွဲရတာကိုကြိုက်တယ်။ အဲ့ဒီတော့ အလုပ်အတူတူ တွဲလုပ်ဖြစ်တယ်။ နောက်ပိုင်းကျတော့ Solo ဆိုတဲ့ စုံတွဲ အမ်တီဗီ တစ်ပုဒ်ရိုက်ဖြစ်တယ်။ ရိုက်ပြီးတော့ မဂ္ဂဇင်းတစ်ခုကနေ ဓာတ်ပုံရိုက်ချင်တယ်လို့ပြောလို့ ရိုက်ပေးခဲ့တယ်။ ကျွန်တော်ထင်တာက တွေ့ပါများ၊ တွဲပါများလို့ကောလာဟလ ထွက်တယ်လို့ပဲမြင်ပါတယ်။ အဲ့ဒီလို ထင်ယောင်ထင်မှား ဖြစ်ကြတဲ့အချိန်မှာ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ရွှေလက်တွဲတော့မယ်တို့။ အသက်ငယ်တဲ့ကောင်လေးကို ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီး တင်လာကြတယ်။ အဲ့ဒါကြောင့် မသိတဲ့သူတွေကပါ ထင်ယောင်ထင်မှားတွေ ပိုဖြစ်သွားကြတယ်။"လို့ သူက ပြောသွားပါတယ်။
ဒီကောလာဟလနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကိုတော့ သူက"ဒီသတင်းတွေက ထွက်တော့ ထွက်မှာပဲ။ သူနဲ့ထွက်လို့ဆိုပြီး စိတ်လဲမဆိုးဘူး။ ဒေါသလဲ မထွက်ဘူး။ ဒါပေမဲ့ ကျွန်တော်ရေးလိုက်တဲ့ စာက ဘာလို့တင်တာလဲဆိုတော့ သူ့ကို စိတ်ဆိုးလို့မဟုတ်ဘူး။ ဒေါသ ထွက်တာပေါ့။ ကျွန်တော့်ကို မသိတဲ့သူတွေက ဘာတွေပြောကြလဲဆိုတော့ ထက်ဖုန်းနိုင်က ရုပ်လေး သနားကမားနဲ့အောင်မြင်ချင်လို့ကပ်တယ်။ ငွေမက်တယ်တို့၊ ဂုဏ်မက်တယ် တို့မဟုတ်တာတွေ အရမ်းပြောလာကြတဲ့ အတွက် အဲ့ဒါကို ကျွန်တော့် Fan တွေက ၀င်ငြင်းပေးတယ်။ အများနဲ့အနည်း ဖြစ်နေတဲ့အတွက် သက်သေပြစရာမရှိလို့ကျွန်တော့်ဆီကို လာပြောကြတယ်။ ကျွန်တော် Fan တွေက ငြင်းလို့ရအောင် သက်သေတစ်ခုလောက် လုပ်ပေးပါဆိုလို့ အဲ့ဒီစာလေးကို ရေးပေးခဲ့တာပါ။ ရေးပြီးတဲ့ နောက်ပိုင်း ဘာရေးထားလဲဆိုတော့ စာမှာ ဒီအလုပ်ကို စလုပ်ကတည်းက တခြားလူကို မှီခိုဖို့နေနေသာသာ မိဘရဲ့အကူအညီ အထောက်အပံ့တောင် မယူခဲ့ဘူးလို့ရေးခဲ့တယ်ဗျာ။ အဲ့ဒါကိုသူတို့တွေက စာကို သေချာမဖတ်ဘူး ထင်တာပဲ။ မိဘရဲ့ကူညီထောက်ပံ့မှုမယူဘူး ဆိုတာကို ပိုပြီး အမြင်မကြည်ကြဘူး။ ဒီအလုပ် စလုပ်ကတည်းက လို့ရေးထားတာကို ဖတ်တဲ့သူတွေက မွေးကတည်းကလို့ ထင်သွားကြတယ်နဲ့ တူပါတယ်။ ပိုပြီး ဝေဖန်ခံခဲ့ရတယ်။ အခုကတော့ အိမ်နဲ့လဲ အဆင်ပြေသွားပါပြီ။ အိမ်မှာလဲပြန်နေနေပါပြီ။ အိမ်ကလဲ လက်ခံသွားပါပြီ။ ကျွန်တော်အရင်က မရှင်းတာက မိန်းကလေးဖက်က မရှင်းပဲနဲ့ကျွန်တော်က စရှင်းရင် ဟိုဖက်က နစ်နာသွားမှာစိုးလို့ပါ။  ဒီလို သတင်းထွက်တာကလဲ ကျွန်တော့်အတွက် ဒါပထမဆုံးပါပဲ။ အဲ့ဒီလိုရှင်းလို့သူနဲ့အဖုအထစ် မရှိဘူး။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းသူလဲ နားလည်ပါတယ်"တဲ့။
ထက်ဖုန်းနိုင် သဘောကျတဲ့ မိန်းကလေးပုံစံနဲ့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးကြည့်လိုက်တဲ့ အခါမှာတော့ "ကျွန်တော်သဘောကျတဲ့ မိန်းကလေးပုံစံကလဲ အဓိကအားဖြင့် ဆံပင်ရှည်ရင်ကြိုက်တယ်။ ပြီးရင်ချောလှတာ ထက်စာရင် ချစ်ဖို့ကောင်းတာလေးကို ပိုသဘောကျတယ်။ အခုကောလာဟလထွက်တဲ့ တစ်ယောက်ကလဲ ကျွန်တော်လိုချင်တဲ့ မိန်းကလေးပုံစံ မဟုတ်ပါဘူး။ သူ့ရဲ့ အနုပညာပိုင်းနဲ့ပတ်သက်ပြီးတော့လဲ အခုလတ်တလောဆို အမ်တီဗီတွေ ရိုက်ဖြစ်တာ များနေတယ်။ ကျွန်တော်တစ်ယောက်တည်း ရိုက်ရတဲ့ အမ်တီဗီလဲရှိသလို Jade Dragon အဖွဲ့လိုက် ရိုက်ရတဲ့ အမ်တီဗီတွေလဲရှိတယ်။ Jade Dragon အနေနဲ့ဆို မမိစန္ဒီရဲ့ နောင်ချိန် နောင်ချိန်ဆိုတဲ့ သီချင်းလေး ဒီရက်ပိုင်းမှာ ရိုက်ဖို့ရှိတယ်။ နောက် ဆုတောင်းဆိုတဲ့ သီချင်းလဲရိုက်ဖို့ရှိတယ် ကျွန်တော်တစ်ယောက်တည်းရော Jade Dragon အဖွဲ့တွေပါ ပါတဲ့ အပုဒ်က ရှေ့မှာ bobby soxer ရဲ့ အိမ်ထောင်ရှင် စိတ်ကူးလေးမှာ ပါဝင်ထားတယ်။ အကနဲ့သရုပ်ဆောင်တာ ဘယ်ဟာကို ဦးစားပေးမလဲဆိုရင် အကကိုပဲဦးစားပေးမှာပါ။ သရုပ်ဆောင်တာကကျတော့ ၀ါသနာတာပါတာ အတွေ့အကြုံမရှိသေးတာကြောင့် အဆင်ပြေရင် ညှိပြီး နှစ်ဖက်မျှအောင်လုပ်ဖြစ်မှာပါ။"လို့ သူက ပြောပြသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment