ရုံတင်လို့ ပိုက်ဆံမဝင်ရင် ဒါရိုက်တာတွေပဲ အပြစ်တင်ကြတယ် ဆိုတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)


အခုနောက်ပိုင်း ဗီဒီယိုလောကမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးမှုတွေ များလာကြပေမယ့်လည်း ဗီဒီယိုဇာတ်ကားတွေကတော့ ပျောက်သွားတာမျိုးမဟုတ်ဘဲနဲ့ ဒီအ တိုင်းပဲ ဆက်ပြီးရှိနေဦးမှာဖြစ်ကြောင်း ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။
” အခုအချိန်ခါက ဘာဖြစ်နေလဲဆိုတော့ တစ်ကားတင်ရင် သုံးပတ်တင်ရတယ်။ လေးပတ်တင်ကြတယ်။ အဲဒီလိုမျိုးတွေရှိတယ်။ ဒါပေမဲ့ နှစ်ပတ်လောက်နဲ့တင်ပြီး ဆင်း သွား ရတဲ့ဇာတ်ကားတွေလည်း ရှိသလို လေးပတ်အထိနေရတဲ့ ဇာတ်ကားတွေလည်းရှိကြတယ်။ လေးပတ်ထိတင်ရတဲ့ ဇာတ်ကားတွေဆိုရင် ပရိသတ်အားပေးကြ တယ် လို့ ဆုံးဖြတ်ကြတယ်။
ဘာကြောင့်လူမဝင်လဲဆိုတာကို ဘယ်သူမှ ဘာမှမပြောနိုင်ကြသေးခင် နောက်တစ်ကားက တင်သွားပြီ။ သေသေချာချာလည်း မဆုံးဖြတ်ကြဘူး။ ရိုက်နေရရင် ရိုက်နေရတယ် လို့ပဲ လူတွေအကုန်လုံးက သိနေကြတယ်။ ပိုက်ဆံမဝင်ရင် ဒါရိုက်တာတွေပဲ အပြစ်ပြောကြတယ်။ အခု ဒီလိုမျိုးဖြစ်သွားတော့ ဘာကောင်းသွားလဲဆိုတော့ အကုန်လုံးသိကြမယ်။ဘာကြောင့်မကြည့်တာလဲ၊ ဇာတ်ကြောင့်လား၊သရုပ်ဆောင်တွေကြောင့်လား၊ ဒါရိုက်တာ ကြောင့်လားဆိုတာသိကြမယ်။ အလုပ်ကို သေချာလုပ်ဖို့ လိုတာကိုလည်း သိသွားကြမယ်။ အားလုံးက ကြိုးစားကြမှ ဇာတ်ကားကောင်းမယ်ဆိုတာ ကိုသိသွားကြမယ်။ တကယ် အလုပ်လုပ်တဲ့သူတွေပဲရေရှည်မှာကျန်ခဲ့မယ်။ ဗီဒီယိုက ပျောက်တယ်လို့လည်းမဟုတ်ဘူး။ ရှိတယ်လို့လည်း မဟုတ်ဘူး။ ဒီအတိုင်းပဲဖြစ်သွားမယ်” လို့ ပြောပါတယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ အရိုက် များနေပေမယ့်လည်း အရေအတွက်ကများပြီး အရည်အသွေးကျတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ဘူးလို့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ဆိုပြန်ပါတယ်။
” အဓိကက သောကြာနေ့ ၁၂ နာရီခွဲပွဲ ကိုကြည့်လိုက်တာနဲ့ သိပါတယ်။ ကြည့်ပြီးထွက်လာတဲ့ ပရိသတ်ရဲ့ ပြောသွားတဲ့စကားက အရေးအကြီးဆုံးပါပဲ။ ရယ်တော့ရယ် ရတယ်၊ ဘာကားကြီးမှန်းလဲမသိဘူးဆိုတာမျိုးဆိုရင် အဆင်မပြေဘူးလေ။ ကျွန်တော့်အနေနဲ့က ပရော်ဖက်ရှင်နယ်အရရော စီးပွားရေးအရရော လုပ်ဖြစ်နေ တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘယ်လောက်ရိုက်မယ်၊ ဘယ်နှကားရိုက်မယ်ဆိုတာမျိုး မသတ်မှတ်ထားဘူး။ ကိုယ်တင်ပြတဲ့ ဇာတ်ကားကိုပဲ ခွဲခြမ်းစိတ်ဖြာပြီးတော့ရိုက် တယ်။ အများကြီးရိုက်ပြီးတော့လည်း အရည်အသွေးကို မကျစေချင်ဘူး။ ကားညံ့သွားတာမျိုးလည်း မဖြစ်စေချင်ဘူး” လို့ ပြောပါတယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment