မော်တော်ယာဉ်နဲ့  လှည့်လည် ခါးပိုက်နှိုက်တဲ့ အဖွဲ့ ဖမ်းမိ


 မော်တော်ယာဉ်ဖြင့် လှည့်လည်သွားလာကာ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၉

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်မှုကျူးလွန် သူများအား ဖမ်းဆီး ရမိရေးအတွက် စောင့်ကြည့် သတင်း စုံစမ်း ဖမ်းဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ၆.၇.၂၀၁၅ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် မရမ်းကုန်း မြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်တံတားအမှတ်(၂)၊ တိုးဂိတ် အနီးတွင် အမှတ်(၁၂၁)ဒိုင်နာ ခရီးသည်တင်ယာဉ်ပေါ်မှ ခါးပိုက်နှိုက်မှုကျူးလွန်ကြောင်း သတင်း ရရှိထားသူ လှိုင်သာယာမြို့နယ် နေသူများဖြစ်ကြသည့် မိုးမြင့်ငြိမ်း၊ (၂၂)နှစ်၊ ပဲတရုတ် (ခ)ပြည့်ဖြိုးလှိုင်၊ (၃၀)နှစ်၊ ကုလား(ခ)လှမျိုးခိုင်၊ (၂၁)နှစ်၊ အရှည်ကြီး(ခ)ဌေးဝင်းရှိန်၊ (၂၀)နှစ်၊ စိုးမောင်သော်နှင့် မဲတူးလေးတို့မှာ ဆင်းလာပြီး ခရီးသည်တင်ယာဉ်၏ နောက်မှလိုက်ပါလာသော BB---- AD VAN အငှားယာဉ်ပေါ်သို့ တက်ရောက် သွားသည်ကို တွေ့ရှိရသဖြင့် ၎င်းယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးစဉ် စိုးမောင်သော်နှင့် မဲတူးလေး တို့(၂)ဦးမှာ ထွက်ပြေးသွားခဲ့ပါသည်။


အဆိုပါယာဉ်ကို ဇင်နိုင်အောင်၊ (၂၅)နှစ်မှမောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းတို့(၅)ထံမှ ခါးပိုက်နှိုက်မှု ကျူးလွန်ရာတွင် အကာအကွယ်အဖြစ်အသုံးပြုသည့် ကျောပိုးအိတ်(၂)လုံးနှင့် မိန်းမကိုင်ပိုက်ဆံအိတ် (၁)လုံး၊ အမျိုးသမီးတစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု၊ ဆင်းကတ်ပါ SAMSUNG လက်ကိုင်ဖုန်း (၁)လုံးနှင့် ငွေကျပ်(၁၃၈၀၀၀)တို့အားတွေ့ရှိသဖြင့် စစ်ဆေးရာ အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်နေ အမျိုးသမီးထံမှ နှိုက်ယူခဲ့ခြင်း ဖြစ်ကြောင်းပေါ်ပေါက် ခဲ့ပါသည်။

၎င်းပြင် ဆင်းကတ်ပါKENBOလက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေကျပ်(၅၀၀)တို့အား တွေ့ရှိသဖြင့် စစ်ဆေးရာ ယင်းနေ့ ၁၁၃၀ အချိန်ခန့်က အမှတ်(၅၉)ဒိုင်နာ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသူ လှိုင်သာယာမြို့နယ်၊ တိုးချဲ့မြို့သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးထံမှ နှိုက်ယူရရှိခဲ့ကြောင်း
ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ၎င်းတို့ထံမှ တွေ့ရှိသည့်သက်သေခံပစ္စည်းများနှင့် ခါးပိုက်နှိုက်မှုကျူးလွန် ရာတွင်အသုံးပြုသည့် မော်တော်ယာဉ်တို့အား သိမ်းဆည်းကာ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် ပြစ်မှု ပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment