ဖုန်းဆိုင်များ လိုက်လံ ဖောက်ထွင်း ခိုးယူတဲ့ အဖွဲ့ ဖမ်းမိ


 ဖုန်းဆိုင်အတွင်း ၀င်ရောက်၍ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းကျပ်(၁၄၉)သိန်းကျော် ခိုးယူသွားသူ များအား ဖော်ထုတ်ဖမ်းဆီးပြီး စစ်ဆေးရာမှ အခြား ဖုန်းဆိုင်များမှ ခိုးမှုများပါထပ်မံပေါ်ပေါက်
ရန်ကုန်၊ ဇူလိုင် ၉

၁၁.၆.၂၀၁၅ ရက်နေ့ ၀၆၁၀အချိန်တွင် သန်လျင်မြို့မဈေး၊ ရုံ(၉)တွင်ဖွင့်ထားသော ဖုန်းဆိုင်ပိုင်ရှင်သည် ၎င်း၏ ဖုန်းဆိုင်ခန်း ထောင့်ရှိ တံခါးမှာပွင့်နေကြောင်း သိရှိရသဖြင့် ဆိုင်အား စစ်ဆေးကြည့်ရာ ဟန်းဆက်မျိုးစုံ၊ ဆင်းကတ်မျိုးစုံနှင့်ငွေဖြည့်ကတ်များ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၄၉)သိန်းကျော် မှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းအရေးယူ ပေးရန်တိုင်တန်းချက်အရ သန်လျင်မြို့မရဲစခန်း(ပ) ၃၉၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိရေး အတွက်ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် သန်လျင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါပြစ်မှုကိုကျူးလွန်ကြောင်း မသင်္ကာသတင်းရရှိသူများဖြစ်သည့် ဒေါပုံမြို့နယ်နေ ကိုအေး(ခ) လက်ကောက်၊ (၁၈)နှစ်၊ ဝေယံ(ခ)ကျော်ဝေယံဦး၊ (၁၈)နှစ်၊ မင်းသူဟန်၊ (၁၈)နှစ်၊ အောင်ဟိန်းသူ၊ (၁၈)နှစ်၊ သာကေတမြို့နယ်နေ မျိုးကို(ခ)မျိုးကိုကို၊ (၁၈)နှစ်၊ သန်လျင်မြို့နယ်နေ ကိုထက်(ခ) နိုင်လင်းထက်၊ (၁၉)နှစ်နှင့် လူးလူး(ခ) သူရကျော်၊ (၂၁)နှစ် တို့အားဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့ (၇)ဦးအားစစ်ဆေးရာ အဆိုပါအမှုကိုကျူးလွန်ခဲ့ကြကြောင်းနှင့် ယင်းသို့ကျူးလွန်ရာတွင် AA--- TOYOTA COROLLA ယာဉ်ဖြင့်သွားရောက်ခိုးယူခဲ့ခြင်း ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် အမှုမှ သက်သေခံပစ္စည်းဟန်းဆက်များ၊ ဆင်းကတ်များနှင့် ငွေဖြည့်ကတ်အချို့အား ပြန်လည်သိမ်းဆည်း နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်ကိုလည်း သိမ်းဆည်းခဲ့ပါသည်။

၎င်းတို့အနက် မင်းသူဟန်နှင့် နိုင်လင်းထက်တို့အား မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖမ်းဆီးရမိစဉ်က ၎င်း(၂)ဦးထံမှ အရိုးအသွား(၂)ပေကျော်ခန့်ရှိ ဓါးရှည်(၂)ချောင်းအား သိမ်းဆည်းရမိခဲ့သဖြင့် မင်္ဂလာ တောင်ညွန့်မြို့မ ရဲစခန်းတွင် လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့်လည်း အရေးယူဆောင်ရွက်
ခဲ့ပါသည်။

၎င်းတို့(၇)ဦးအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိစစ်ဆေးရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၃) ရပ်ကွက်ရှိဖုန်းဆိုင်မှ လက်ကိုင်ဖုန်းများ၊ Laptop, Power Band၊ ငွေဖြည့်ကတ်နှင့် ဆင်းကတ်များ စုစုပေါင်းတန်ဖိုး (၂၈)သိန်းကျော်ခိုးယူခံရ၍ သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် တိုင်တန်းထားသော အမှုကို ၎င်းတို့အနက် နိုင်လင်းထက်ပါ(၄)ဦးမှလည်းကောင်း၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်ရှိ ဖုန်းဆိုင်မှ လက်ကိုင်ဖုန်းများ၊ ဘက္ထရီမျိုးစုံနှင့်ငွေများ စုစုပေါင်း တန်ဖိုးငွေကျပ်(၃၂)သိန်း ကျော်ခိုးယူခံရ၍ သာကေတနယ်မြေ ရဲစခန်းတွင် တိုင်တန်းထားရှိသော အမှုကို ၎င်းတို့အနက် နိုင်လင်းထက်
တစ်ဦးတည်းမှလည်းကောင်း ကျူးလွန်ခဲ့ကြကြောင်းဖော်ထုတ်နိုင်ခဲ့ကာ သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းအမှုများဖြင့် ဆက်လက် အရေးယူလျက်ရှိပါသည်။

၎င်းပြင် သာကေတမြို့နယ်၊ (၃)ရန်ပြေရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ လက်ကိုင်ဖုန်း၊ ရွှေထည်ပစ္စည်းနှင့် ငွေများအား ၎င်းတို့အနက် နိုင်လင်းထက်ပါ (၆)ဦးမှလည်းကောင်း၊ ဒေါပုံမြို့နယ်၊ ၀ါဆိုရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ လက်ကိုင်ဖုန်း၊ တက်ပလက်နှင့် ငွေများအား ၎င်းတို့အနက် နိုင်လင်းထက် ပါ(၃)ဦးနှင့် ကျည်စုရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ လက်ကိုင်ဖုန်းများအား ၎င်းတို့အနက် နိုင်လင်းထက် ပါ(၂)ဦးမှလည်းကောင်းခိုး ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများသိမ်းဆည်း၍ သက်ဆိုင်ရာ ရဲစခန်းများတွင် ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့်ကာ ထပ်မံအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment