မောင်တောမှာ တုတ်ဓားတွေ လာအပ်ရမယ် ကြေညာနေ


ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာ တုတ် ဓား လက်နက်ရှိသူတွေ ၇ ရက် အတွင်း လာရောက် အပ်နှံရမယ်၊ ပျက်ကွက်သူတွေကို အရေးယူမယ်ဆိုပြီး အာဏာပိုင်တွေ က အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာခဲ့ပါတယ်။

မောင်တောခရိုင် ရဲမှူုးကြီး ဦးရွှေသန်းကတော့ ဒါဟာ တတိုင်းပြည်လုံးမှာ လိုက်နာဖို့ ပြည်ထဲရေး ဝန်ကြီးဌာန ကနေ လတ်တလော ထုတ်ပြန်ထားတဲ့အမိန့် ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ရခိုင် ပြည်နယ်ထဲက တခြား မြို့နယ်တွေမှာတော့ အသံချဲ့ စက်သုံး ကြေညာတာမျိုး မရှိတဲ့အတွက် မောင်တောမှာ ဘာတွေ ပိုပြီး အခြေအနေ ထူးခြား နေသလဲ ဆိုပြီး ဒေသခံတွေကြား သို့လော သို့လော ဖြစ်နေကြပါတယ်။

ရခိုင် ပြည်နယ်တွင်း လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း ကတည်းက အပြည့်အဝ တည်ငြိမ်တဲ့ အဆင့်ကို မရောက်သေးတဲ့ အတွက် ညမထွက်ရ အမိန့်လည်း ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ဒေသ အာဏာပိုင် တစ်ဦး အပြောအရတော့ မောင်တောမြို့ မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ်ဘက် ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာခဲ့တယ် ဆိုတဲ့ သတင်းကြောင့် နယ်စပ် တလျှောက်က မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကို တပ်လှန့် ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖက် နိုင်ငံဘက်ခြမ်းကနေ တကယ်ပဲ ဝင်ရောက်ခဲ့လား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment