အာရှလမ်းကြောတွင် ပစ်ခတ်သံထွက်ပေ


 သြဂုတ် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ

 မြ၀တီမြို့နယ်အပိုင် ကော့ကရိတ်-မြ၀တီအသွား အာရှလမ်းမတစ်နေရာတွင် ယနေ့ နေ့လည် ၁၁နာရီအချိန်၌ လက်နက်ကြီးနှင့် လက်နက်ငယ် ပစ်ခတ်သံများကို ကြားရကြောင်း ဒေသခံများနှင့် လက်နက်ကိုင်အဖွဲ့များက ပြောဆိုသည်။

“လက်နက်ကြီးက ၃ချက်နဲ့ သေနတ်သံတွေက လေးငါးချက်လောက်ပါပဲ။ ဆယ်မိနစ်လောက်တော့ ရှိမယ်။ ကားလမ်းကြောပေါ် ပစ်လိုက်တဲ့သဘောလို့ ထင်တာပဲ။ နေရာက ဟိုအရင် ဒီကေဘီအေဂိတ်ကြီးရှိခဲ့တဲ့နေရာရဲ့ အရှေ့နားလောက်မှာပါ။”ဟု ကရင် လက်နက်ကိုင်အဖွဲ့မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုမှာ မည်သည့်အဖွဲ့၏ လုပ်ရပ်ဖြစ်သည်ကို တပ်အပ်မသိသော်လည်း ယင်းပစ်ခတ်မှုကြောင့် သြဂုတ် ၃၀ရက်နေ့ တွင် လမ်းဖွင့်ပွဲ ကျင်းပရန်အတွက် လုံခြုံရေးယူထားသော နယ်ခြားစောင့်တပ်များက လက်နက်ကျရာနေရာသို့ လိုက်လံရှင်း လင်းနေသည်ဟု သိရသည်။

ကေအိုင်စီ
http://kicnews.org
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment