သြစတြီးယား လော်ရီကားပေါ်မှာ အလောင်း ၇၀ ကျော်တွေ့ရှိ


 ရွှေ့ပြောင်းဝင်ရောက်လာသူတွေလို့ ယူဆရသူတွေရဲ့ အလောင်း ၇၀ ကျော်ကို ဟန်ဂေရီ နယ်စပ်အနီး မော်တော်ကားလမ်းမပေါ်မှာ ပစ်ထားခဲ့တဲ့ ကုန်တင် လော်ရီ ကားတစ်စင်းပေါ်မှာ မနေ့က တွေ့ရှိခဲ့တယ်လို့ သြစတြီးယား အာဏာပိုင်တွေက ပြောပါတယ်။

ဗီယမ်နာ ဘက်ကို သွားတဲ့ A4 လမ်းမကြီးပေါ်က စွန့်ပစ်ခဲ့တဲ့ကားထဲမှာ ပုတ်နေပြီဖြစ်တဲ့ အလောင်းတွေကို ရဲတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။

အလောင်းတွေဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်က သေဆုံးခဲ့ပုံရတယ်လို့ ဒေသခံ ရဲ အကြီးအကဲဖြစ်သူက ပြောပါတယ်။

ကားပေါ်မှာပါသူတွေဟာ ဘယ်လိုသေဆုံးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သြစတြီးယားကနေ ဟန်ဂေရီကို ကားဖြတ်လာကတည်းက ကားပေါ်မှာ သေဆုံးခဲ့ကြပုံရတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ လော်ရီကားကို Nickelsdorf ရှိ အကောက်ခွန်အဆောက်အဦးရှိရာကို ဆွဲယူသွားပြီး အလောင်းတွေကို မူခင်းဆိုင်ရာဝန်ထမ်းတွေက စစ်ဆေးခဲ့ကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment