ဦးခေါင်းခွံရိုးကနေ အသံဖြတ်သန်း ကြားရမယ့် ကြိုးမဲ့နားကြပ် Batband


နားကြပ်ကို အိတ်ကပ်ထဲ ထည့်ထားပြီး သီချင်းနားထောင်တဲ့အခါ ပြန်ဖြည်နေရတဲ့ စိတ်ညစ်စရာ အလုပ်ကို အတိတ်မှာ ထားခဲ့လို့ ရပါပြီ။
ဦးခေါင်းရဲ့နောက်ဘက်မှာ တပ်ဆင်ပြီး ဦးခေါင်းရိုးကနေ နားအတွင်းပိုင်းဆီ အသံလျှောက်ကူးနိုင်မယ့် နားကြပ်တစ်မျိုးကို လန်ဒန်အခြေစိုက် Banana Things စတူဒီယိုက ဒီဇိုင်နာတွေက ထုတ်လုပ်လိုက်ပါတယ်။ဒေါ်လာ ၂၅၀ တန် Batband နားကြပ်ဟာ နားမှာ ပိတ်ဆို့ နေမှာမဟုတ်တဲ့အတွက် သင့် ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုလည်း အာရုံစိုက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Batband နားကြပ်မှာ transducer ခေါ် စွမ်းအင်အသွင်ပြောင်း ကိရိယာ သုံးခုထည့်သွင်းတပ်ဆင်ထားပြီး အဆိုပါကိရိယာတွေက ဦးခေါင်းခွံရိုးကို ဖောက်ကာဖြတ်သန်းနိုင်မယ့် အသံကြိမ်နှုန်းကို နားအတွင်းပိုင်းဆီ ထုတ်လွှတ်ပေးနိုင်ပါတယ်။ အဆိုပါ အသံကြိမ်နှုန်းကို ဘေးနားကလူတွေက မကြားနိုင်တဲ့အတွက် စွမ်းအင်အသွင်ပြောင်း ကိရိယာနှစ်ခုကို နားထင်ရိုးနဲ့  တစ်ခုကို နောက်စေ့အရိုးမှာ တပ်ဆင်ထားကာ Bluetooth ကနေတဆင့် နားကြပ်ကိုချိတ်ဆက်ကာ ကြိုးမဲ့သီချင်းနားထောင်နိုင်၊ ဖုန်းပြောဆိုနိုင်မှာဖြစ်ပါတယ်။
 ရုန်းကန်နိုင်အားရှိတဲ့စတီးကို ပျော့ပျောင်းတဲ့ ကူရှင်ခံကာ တပ်ဆင်ထားတာမို့ တစ်နေကုန် သက်တောင့်သက်တာ တပ်ထားနိုင်ပြီး ဘေးနှစ်ဖက်မှာလည်း touch ခလုတ်နှစ်ခုထည့်သွင်းထားပါတယ်။Bone conduction ခေါ် အရိုးကနေအသံဖြတ်ကူးခြင်းနည်းပညာဟာ အသစ်အဆန်းမဟုတ်တော့ဘဲ bone conduction သုံးနားကြပ်တွေရှိပေမယ့် များသောအားဖြင့်တော့ နားမှာပဲ ထည့်သွင်းတပ်ဆင်ရတာ ဖြစ်ပါတယ်။
Ref: Dailymail 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment