နေ့ လယ်ဘက် အချိန်ကြာ အိပ်စက်ခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်


နေ့ လယ်နေ့ ခင်း ငိုက်မျဉ်းခြင်းနဲ့ နေ့ ဘက်မှာ အချိန်အတော်ကြာတစ်မှေး အိပ်တတ်ခြင်းတို့ က ဆီးချို အမျိုးအစား (၂) နဲ့ ဆက်စပ်မှုရှိကြောင်း သုတေသနပြုတွေ့ ရှိခဲ့ရပါတယ်။
တိုကျိုတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လူပေါင်း နှစ်သိန်းခြောက်သောင်းကျော်ကို သုတေသန လုပ်ခဲ့တဲ့ လေ့လာမှု ၁၀ ခုကို ပြန်လည်ဆန်းစစ်ခဲ့ကာ နေ့ လယ်ဘက်ငိုက်မျဉ်းခြင်း၊အိပ်စက်ခြင်းတို့ နဲ့  ဆီးချိုအမျိုးအစား (၂) တို့ အကြား ကွင်းဆက်ကို ရှာဖွေခဲ့ကြပါတယ်။
ဆရာဝန်တွေရဲ့ တွေ့ ရှိချက်အရ နေ့ လယ်ဘက် အိပ်ငိုက်တတ်ကြတဲ့လူတွေဟာ သာမန်လူတွေထက် ဆီးချိုဖြစ်နိုင်ခြေ ၅၆ ရာခိုင်နှုန်း ပိုများပြီး၊ မိနစ် ၆၀ နဲ့ အထက် တစ်မှေးအိပ်တတ်တဲ့ လူတွေကတော့ လုံးဝမအိပ်တတ်သူ၊ ခဏလေးသာမှေးတတ်သူတွေထက် ဆီးချိုခံစားနိုင်ခြေ ၄၆ ရာခိုင်နှုန်း ပိုများကြောင်း သိရှိခဲ့ရပါတယ်။
အဆိုပါ အကျင့်ရှိသူတွေအနေနဲ့ ဆီးချိုရှိ၊မရှိ စစ်ဆေးဖို့ အတွက် ဆရာဝန်တွေနဲ့ သွားရောက်ပြသသင့်ကြောင်း တိုကျိုတက္ကသိုလ်၊ ဆီးချိုနဲ့ ဇီဝဖြစ်ပျက်မှုရောဂါဌာနက ဒေါက်တာ Tomohide Yamada က အကြံပေးပြောကြားခဲ့ပါတယ်။
ထူးဆန်းတာတစ်ခု အနေနဲ့ မိနစ် ၄၀ လောက်သာ ခဏလေးမှေးစက်တတ်သူတွေမှာတော့ ဆီးချို အမျိုးအစား ၂ ရောဂါနဲ့ ဆက်စပ်မှုကို မတွေ့ ရှိခဲ့ရဘူးလို့ သိရပါတယ်။ အရင်ကပြုလုပ်ခဲ့တဲ့လေ့လာမှု တွေမှာလည်း မိနစ် ၃၀ လောက် နေ့ လယ်တစ်ရေးတစ်မောအိပ်ခြင်းဟာ ကျန်းမာရေးကောင်းကျိုးတွေကို ပေးစွမ်းနေကြောင်း တွေ့ ရှိထားပါတယ်။
Ref: Wall Street Journal 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment