စင်းလုံးငှား မန်းရွှေမြို့တော် မော်တော်ယာဉ်နှင့် ဘုရားဖူး မော်တော်ယာဉ်တို့ ယာဉ်မတော်တဆမှုဖြစ်ပွား


 နေပြည်တော် စက်တင်ဘာ ၁၉

 မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် စင်းလုံးငှားမန်း ရွှေမြို့တော်ခရီးသည်တင်ယာဉ်နှင့် လယ်ဝေးမြို့နယ်မှ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ ကျောက်စိမ်းစေတီတော်သို့ သွား ရောက်ဖူးမြော်မည့် ဘုရားဖူး မော်တော်ယာဉ်တို့ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၁ မိုင် ၄ ဖာလုံ၌ ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်နှစ် စီးပေါ်၌လိုက်ပါလာသည့် ခရီးသည် ၂၆ ဦး ‘ဒဏ်ရာရရှိခဲ့ပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ ပေးလျက်ရှိရာ မိတ္ထီလာဆေးရုံ၌ အတွင်းလူနာ ၁၄ ဦးနှင့် အပြင်လူနာ ၁၂ ဦးတို့ ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။ ယာဉ်တိုက်မှု ကြောင့် အမျိုးသမီးတစ်ဦး သေဆုံး သွားကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုမတိုင်မီ မန်းရွှေ မြို့တော်မော်တော်ယာဉ်မှာ ခရီးသည် ၁၆ ဦးတင်ဆောင်လာပြီး အဆိုပါ ယာဉ်ကို ယာဉ်မောင်း ဦးစောနေ အောင်က မောင်းနှင်လာသည်။

အလားတူ လယ်ဝေးမြို့မှ ဘုရားဖူးမော်တော်ယာဉ်အား ဘုရား ဖူး ၂၂ ဦးတင်ဆောင်လာပြီး ယာဉ် မောင်း ကိုသိန်းလွင်က မောင်းနှင်လာ ပြီး မိုင် ၂၈၁ မိုင်အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်က ဘုရားဖူးယာဉ် အား အနောက်ဘက်မှ အရှိန်ဖြင့် တိုက်မိခဲ့ကြောင်း ကနဦးစစ်ဆေးချက် များအရ သိရသည်။

''ကျွန်တော်က အရှိန်နည်းနည်းနဲ့ မောင်းလာတယ်။ အဲ့ဒါကို သူက နောက်ကနေ ဝင်တိုက်လိုက်တဲ့အခါ ကျတော့ ကျွန်တော့်ကားက ဘေးကို ဆွဲချသွားတယ်၊ အဲ့ဒါမမှောက်အောင် မနည်းထိန်းပြီး ရပ်လိုက်ရတယ်။ ရပ်လိုက်တဲ့အခါမှာ ကားနှစ်စီးက ကပ်လျက်ဖြစ်နေတယ်။ ခေါင်းခန်းမှာ ထိုင်တဲ့လူတွေကို မနည်းဆွဲထုတ်ရ တယ်''ဟု ဘုရားဖူးယာဉ်မောင်း ကိုသိန်းလွင်က ပြောသည်။

''ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ မိနစ် အနည်းငယ်အတွင်း အခင်းဖြစ်ပွား ရာနေရာကို ရောက်ပါတယ်။ ဘုရား ဖူးယာဉ်က ရှေ့ကသွားနေတယ်။ မန်းရွှေမြို့တော်ယာဉ်နောက်ကနေ အရှိန်နဲ့ ဝင်တိုက်လိုက်တဲ့အခါကျ တော့ လမ်းဘေးကို ရောက်သွား တာ တွေ့ရတယ်။ အခု စစ်ဆေးမှု တွေ လုပ်နေပါတယ်။ အပြင်းအထန် ဒဏ်ရာရသူ လေးဦး ငါးဦးခန့်ရှိမယ်'' ဟု ကနဦးစစ်ဆေးချက်များအပေါ် သီးကုန်းစခန်းမှူး ဒုရဲမှူး မြင့်စိုးနိုင်က ပြောသည်။

''ကျွန်တော်တို့ ကယ်ဆယ်ရေး အဖွဲ့တွေက ၅ နာရီခွဲ လောက်ရောက် လာတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာ လူနာအချို့က လူနာတင် ယာဉ်ပေါ်ရောက်နေပြီ။ မန်းရွှေ မြို့တော်ယာဉ်ပေါ်မှာ ညှပ်နေတဲ့ နှစ်ယောက်ကိုတော့ ဆွဲထုတ်ပေးခဲ့ ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန် လူနာ ၁ဝ ယောက်လောက်ရှိ တယ်။ အပြင်းအထန် ဒဏ်ရာရတဲ့ သူတွေလည်းပါတယ်၊ အဲ့ဒီလူတွေကို ကျွန်တော်တို့ မီးသတ်တွေနဲ့ ရဲတွေ ဝိုင်းကူညီပြီး ဆေးရုံပို့ပေးခဲ့တယ်'' ဟု သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်သား ကိုနေမျိုးထက်က ပြော သည်။ ယင်းဖြစ်စဉ်ကြောင့် မန်းရွှေ မြို့တော်ယာဉ်မောင်းအား သီးကုန်း အမြန်လမ်းမကြီးရဲစခန်း၌ ယာဉ် (ပ) ၂၄/၂ဝ၁၅ ဖြင့် ပြစ်မှုပုဒ်မ ၃ဝ၄-က ၃၃၈-၃၃၇ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ညီညီထွန်းနှင့် အဖွဲ့
ဓာတ်ပုံ-ရွှေကိုကိုလေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment