ကမာရွတ်မြို့နယ် ကမာရွတ်တံတားအဆင်း ကားသုံးစီးတိုက်မှုဖြစ်


 ရန်ကုန် စက်တင်ဘာ ၁၉

 ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ကမာရွတ်ခုံးကျော်တံတားအဆင်း ပြည်လမ်းမပေါ်တွင်ကားသုံးစီးတိုက်မှုတစ်ခု စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရာschool bus အမည်ရှိကား၏ အရှေ့ဘယ်ဘက်တွင်လိုက်ပါလာသူ အမျိုးသမီးတစ်ဦး၏ခြေထောက်မှာ ကားအရှေ့ဘက်တိုက်မိထားသောတံခါးဖြင့် ညပ်နေ၍ ခရီးသွားပြည်သူများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ဆွဲထုတ်ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

တိုက်မိသောကားပေါ်ပါသူများ ထိခိုက်မှုမရှိကြောင်းနှင့်school bus နှင့် ဆလွန်းကား တို့မှာ ခုံးတံတားပေါ်မှဆင်းလာပြီး ဘယ်ဘက်သို့အကွေ့ မင်္ဂလာဒုံဘက်မှ မြို့တွင်းဘက်သို့မောင်းနှင်လာသော ကုန်တင်ကားက ခုံးတံတားအနီးအရောက် ညာဘက်သို့အကွေ့တွင်တိုက်မိကြပြီးschool bus အနောက်မှကပ်လိုက်လာသော ဆလွန်ကားမှ ထပ်မံတိုက်မိခဲ့ကြောင်း ဆလွန်ကားပေါ်တွင်ပါလာသူက ပြောသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment